တောင်သူလယ်သမားတွေရဲ့ ရင်ဖွင့်သံ
မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အဓိက အားထားတဲ့နိုင်ငံဖြစ်သလို၊ လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာနေပြီး စိုက်ပျိုးရေးလုပ်ကြတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
-
2018-03-03 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အဓိက အားထားတဲ့နိုင်ငံဖြစ်သလို၊ လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာနေပြီး စိုက်ပျိုးရေးလုပ်ကြတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီလို တစ်နိုင်ငံလုံးအရ လူဦးရေအများစုဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ဘဝဟာ ခုချိန်ထိ နလံမထူနိုင်သေးတာလည်း ကြားရပါတယ်။ အများစုက လယ်မြေအသိမ်းခံရ၊ အကြွေးတွေနဲ့လည်ပတ်ရ၊ သားသမီးတွေ အိမ်နီးချင်း နိုင်ငံတွေထွက်ပြီး ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြသလို၊ လယ်မြေပြသနာကို ဆန္ဒပြလို့တရားစွဲခံရ၊ ထောင်ချခံရတာတွေလည်း ခုချိန်ထိရှိနေသေးတယ်လို့ သိရပါတယ်။ အခုဆိုရင် လယ်မြေပြဿနာကြောင့် ထောင်ကျနေရတဲ့ တောင်သူလယ်သမား အယောက် ၄၀ လောက်ရှိတယ်လို့ လယ်သမားရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ဒါကြောင့် ဒီနေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ အနယ်နယ်အရပ်က တောင်သူလယ်သမားတွေရဲ့ ရင်ဖွင့်သံတွေ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။