ကျေးလက်ဆေးရုံတွေမှာ ဆရာဝန် အများအပြား လိုအပ်နေဆဲ

မြန်မာနိုင်ငံက ဆေးရုံတွေ အထူးသဖြင့် ကျေးလက်ဒေသက ဆေးရုံတွေမှာ ဆရာဝန်တွေ အများအပြား လိုအပ်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဆေးရုံတွေ အထူးသဖြင့် ကျေးလက်ဒေသက ဆေးရုံတွေမှာ ဆရာဝန်တွေ အများအပြား လိုအပ်နေဆဲ ဖြစ်ပါတယ်။

အဲဒီလို လိုအပ်ချက်ဟာ ဆရာဝန်အရေအတွက် နည်းနေလို့ မဟုတ်ဘဲ အစိုးရ ဆရာဝန်ဖြစ်ခွင့်အတွက် ရာထူးဝင် စာမေးပွဲ ဖြေဆိုနေရတာက အဟန့်အတား ဖြစ်နေတယ်လို့ ပြောကြပါတယ်။ ဒီလို ဆရာဝန်တွေ ဆေးရုံတွေမှာ လိုအပ်သလောက် ဝင်ရောက်လုပ်နိုင်အောင် ရည်ရွယ်ချက်နဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဇွန်လ ၅ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အဲဒီဝန်ထမ်းဖြစ်ခွင့် စာမေးပွဲကို ဖျက်သိမ်းဖို့ အစီစဉ်မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org