ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ကြိုဆိုကြမည်

မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကနေ နေပြည်တော်ကို ဒီကနေ့ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ မနေ့ကတော့ သဟိဂ်မြို့မှာ သူမကို လာရောက်အားပေးခဲ့သူတွေနဲ့ တွေ့ဆုံပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ ၂ဝ၁၉ ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ် Photo: Myanmar State Counsellor Office

မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကနေ နေပြည်တော်ကို ဒီကနေ့ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ မနေ့ကတော့ သဟိဂ်မြို့မှာ သူမကို လာရောက်အားပေးခဲ့သူတွေနဲ့ တွေ့ဆုံပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကနေ  မြန်မာနိုင်ငံကို  ပြန်လည်ထွက်ခွာလာပြီဖြစ်ပြီး ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်လောက်မှာ နေပြည်တော်လေဆိပ်ကို ရောက်ရှိမယ်လို့ သိရပါတယ်။

နေပြည်တော်အနီးဝန်းကျင်ကသာမက ရန်ကုန်၊ မန္တလေးနဲ့ တခြားပြည်နယ်ဒေသတွေမှာရှိတဲ့  ပြည်သူတွေပါ ဒေါ်အောင်ဆန်းစုကြည်ကို  လေဆိပ်မှာ လာရောက်ကြိုဆိုကြမှာဖြစ်ပြီး တချို့လည်း နေပြည်တော်ကို မနေ့ကတည်းက ရောက်ရှိနေကြပါတယ်။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းသူက အနယ်နယ်အရပ်ရပ်က လာရောက်သူတွေကို လက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေရာ သုံးနေရာကနေ စနစ်တကျကြိုဆိုနိုင်ရေးအတွက် သူတို့အဖွဲ့တစ်ခုဖွဲ့ပြီး စီစဉ်ပေးနေတယ်လို့ RFA ကို ဒီကနေ့မနက် ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးကို သွားရောက်ထွက်ဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာအနှံ့အပြားကနေ လာရောက်အားပေးခဲ့သူတွေကို သဟိဂ်မြို့မှာ မနေ့က တွေ့ဆုံပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ အခုလို ညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကြဖို့ တိုက်တွန်းသွားခဲ့ပြီး တဆက်တည်းမှာပဲ ရိုးသားမှုရှိသူတွေကသာလျှင် တကယ်စစ်မှန်တဲ့ အောင်မြင်မှုကို ရရှိနိုင်ကြောင်းနဲ့ ပြဿနာအခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မိမိတို့ရဲ့ ဒေါသကို ထိန်းချုပ်ဖို့ အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပါတယ်။ဒေါသများရင် အတွေးအခေါ် လွဲမှားနိုင်တယ်၊ အတွေးအခေါ်မှားရင် အပြောအဆိုမှားနိုင်ပြီး အပြောအဆိုမှားတာနဲ့အမျှ အလုပ်အကိုင်တွေလည်း မှားနိုင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org