ပြည်သူ့ဂုဏ်ရည်ဆုအတွက် Covid-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအဖွဲ့ကို ရွေးချယ်ချီးမြှင့်
မြန်မာနိုင်ငံတွင်းက လူမှုရေး စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို အမေရိကန်နဲ့ ပြည်ပရောက်မြန်မာတွေ နှစ်စဉ်ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို အခုနှစ်အတွက် မြန်မာနိုင်ငံက Covid-19 ကူးစက် ရောဂါကာကွယ်၊ထိန်းချုပ်ရေးမှာ စွမ်းစွမ်းတမံ အနစ်နာခံဆောင်ရွက်နေတဲ့ သူရဲကောင်းတွေကို ချီးမြှင့်လိုက်တယ်လို့ ဆုချီးမြှင့်ရေးအဖွဲ့က ကြေညာပါတယ်။
-
2020-04-26 -
-
-
(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ၂၀၂၀၊ ဧပြီ ၂၅ ရက်နေ့က ပြည်သူ့ဂုဏ်ရည်အသင်း အဝေးရောက် မြန်မာတိုင်းရင်းသား မိသားစုများရဲ့ လှူဒါန်းငွေ ပေးအပ်လှူဒါန်းစဉ်
Photo: Citizen of Burma Award
မြန်မာနိုင်ငံတွင်းက လူမှုရေး စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို အမေရိကန်နဲ့ ပြည်ပရောက်မြန်မာတွေ နှစ်စဉ်ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို အခုနှစ်အတွက် မြန်မာနိုင်ငံက Covid-19 ကူးစက် ရောဂါကာကွယ်၊ထိန်းချုပ်ရေးမှာ စွမ်းစွမ်းတမံ အနစ်နာခံဆောင်ရွက်နေတဲ့ သူရဲကောင်းတွေကို ချီးမြှင့်လိုက်တယ်လို့ ဆုချီးမြှင့်ရေးအဖွဲ့က ကြေညာပါတယ်။
အခုနှစ်ချီးမြှင့်တဲ့ဆုဟာ အဖွဲ့ရဲ့၁၁ ကြိမ်မြောက် ဆုပေးပွဲဖြစ်ပါတယ်။ ဒီဆုပေးအပ်ဖို့ ရွေးချယ်လိုက်တာနဲ့ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝဏ္ဏ ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။