“တရွေ့ရွေ့တိုးလာနေသော တရုတ် မြန်မာ ဆက်ဆံရေး”

မြန်မာနဲ့ တရုတ်အစိုးရအကြား ဆက်ဆံရေးတိုး တက်မှုကနေ ဘယ်လောက်အကျိုးရှိမှာလဲ။ မြန် မာပြည်ကို တရုတ်ပြည်က ဝင်ရောက်သိမ်းပိုက်နိုင် ပါသလား။ ဦးခင်မောင်စိုး က သုံးသပ်တင်ပြထား ပါတယ်။

မြန်မာနဲ့ တရုတ်အစိုးရအကြား ဆက်ဆံရေးတိုးတက်မှုကနေ ဘယ်လောက်အကျိုးရှိမှာလဲ။ မြန်မာပြည်ကို တရုတ်ပြည်က ဝင်ရောက်သိမ်းပိုက်နိုင်ပါသလား။  ဦးခင်မောင်စိုး က သုံးသပ်တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေးနဲ့ ပတ်သက်ပြီး လူအတော်များများ အံ့သြသွားရတဲ့ အချက် ကတော့ တရုတ်ပြည်နဲ့ကပ်ရက် မြန်မာပြည်မြောက်ပိုင်းက UWSA ဝတပ်ဖွဲ့ KIA ကချင်အဖွဲ့စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ နေ့ချင်းညချင်း အစည်းအဝေးကျင်းပမယ့်ရက်နဲ့ကပ်ပြီး ဆိုင်းမဆင့် ဗုံမပါ နေပြည်တော်ရောက် လာတဲ့ ကိစ္စပါ။  မျှော်လင့်ထားတဲ့ လစ်ဘရယ်တွေ ရောက်မလာပဲ မျှော်လင့်မထားတဲ့ ကွန်ဆာဗေး တစ်တွေ ရောက်လာတယ်လို့ နေပြည်တော်မှာ အဲဒီရက်ပိုင်းက ပြောကြပါတယ်။

တဆက်တည်းမှာပဲ အဲဒီအဖြစ်အပျက် နောက်ကွယ်က ဇတ်ညွှန်းဆရာဟာ တရုတ်ပြည်ပဲလို့သိလာရတဲ့အခါ တရုတ်ပြည်ဟာ မြန်မာ့စီးပွားရေးနဲ့ နိုင်ငံရေးမှာ နက်နက်ရှိင်းရှိင်းပါဝင်နေပြီ ဆိုတာကို လူတိုင်းက အသိအမှတ်ပြု လိုက်ရပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် မြန်မာ့တပ်မတော်၊ NLD အစိုးရနဲ့ တိုင်းရင်းသားတွေပါ ဝင်ဆွေးနွေးခဲ့တဲ့ ဒီ ညီလာခံကနေ တကယ်အမြတ်ထွက်သွားတာက အဲဒီ အဖွဲ့တွေ မဟုတ်ပဲ တရုတ်အစိုးရဖြစ် တယ်လို့ မြန်မာ့အရေးလေ့လာသူ Bertil Lintner က Asia Times စာစောင်မှာ ဆောင်းပါးတပုဒ်ရေးခဲ့ပါတယ်။  နိုင် ငံရေးအကျဉ်းသားဟောင်း ရှေ့နေ ဦးသိန်းသန်းဦး က မြန်မာပြည်နဲ့ တရုတ်ပြည် အပြန်အလှန် အကျိုးပြုနေတာ ဟာ ငြင်းမရတဲ့အချက်ပါပဲလို့ ပြောပါတယ်။

" တရုတ်ပြည်ဟာ ဗမာပြည်နိုင်ငံရေး၊ စီးပွားရေးတွေမှာ တဖြည်းဖြည်းပိုပါလာတယ်လို့ ကျနော်တို့ပြောရ မှာပေါ့နော်၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလဲ ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံမှာ သူ့ရဲ့လုပ်ဆောင်ချက်ကို ကျနော်တို့တွေ့ ရတယ်၊ အထူးသဖြင့် One Belt One Road ပေါ့ဗျာ၊ ပိုးသားလမ်းမ စီမံချက်အသစ်ပေါ်လာတဲ့အပေါ်မှာ တ ရုတ်ပြည်ကလဲသူ့ရဲ့မျှော်မှန်းချက်တွေအတွက်ပေါ့၊ ဗမာပြည်က အရေးပါတာပေါ၊ ဗမာပြည်အတွက်ကလဲ တရုတ်ပြည်က ခိုင်ခိုင်မာမာ ကိုင်တွယ်နိုင်မယ်ဆိုရင် ကြီးမားတဲ့အခွင့်အလမ်း တစ်ခုဖြစ်တယ်ဗျ"

အဲ- ပြသနာတခုက တရုတ်စီးပွားရေးသမားတွေ မြန်မာပြည်မှာ အကြီးအကျယ် ဝင်ရောက်အမြတ်ထုတ်နေ တာ ဖြစ်ပါတယ်။ သတ္ထုတူးဖေါ်ရေး၊ သစ်ထုတ်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဥပဒေအတွင်း အပြင် နည်း မျိုးစုံနဲ့ လုပ်ကိုင်နေမှုကြောင့် မြန်မာပြည်ဟာ အထိနာနေပြီလို့ နိုင်ငံရေးလေ့လာသူ စာရေးဆရာ စည်သူအောင်မြင့် က ဝေဖန်ပါတယ်။

" တရုတ်ပြည်က စီးပွားရေးသမားတွေ ကုန်သည်တွေ နောက်ဆုံးကုန်ကုန်ဆိုရင် အောက်ခြေသာမာန်ပြည် သူတွေကအစ မြန်မာပြည်ထဲဝင်ပြီး စီးပွားရေးလုပ်တယ်၊ ဆိုတော့ ကျနော်တို့ဆီမှာကလဲ လာဘ်ပေးလာဘ် ယူကိစ္စတွေ ဥပဒေတွေမခိုင်မြဲတာတွေ အဲဒါတွေအကုန်ရှိတဲ့အခါကျတော့ ဒီဒဏ်တွေကိုခံနေရတယ်၊ အဲဒါတွေအကုန်လုံးကို တရုတ်အစိုးရကိုယ်တိုင်က ဝင်ပြီးတော့ကိုင်တွယ်ပြီးတော့ဖြေရှင်းပေးဖို့ ကျနော် ထင်တယ် တော်တော်ခက်တဲ့ ကိစ္စပါ၊ မန္တလေးလိုနေရာမျိုးကို ဖြန့်ပြီးဝင်လာတယ်၊ ရှမ်းပြည်နယ်ထဲကိုလဲအ များကြီးထိုးဖောက်ဝင်လာတယ်၊ နောက်ဆုံးဆိုရင် ရှမ်းပြည်နယ်ထဲမှာရော ကချင်ပြည်နယ်ထဲ မှာရော တောခြုံအုံကြားအထိကို တစ်ရှူးငှက်ပျောဝင်စိုက်ပြီးမှ အကျိုးစီးပွားရှာတာတွေရော ၊ ဒါတော်တော် ကျယ်ပြန့်တဲ့ ပြသနာလို့ ကျနော်မြင်ပါတယ်"

တရုတ်အစိုးရ ဒါမှမဟုတ် တရုတ်ကုမ္ပဏီတွေ၊ စီးပါွးရေးသမားတွေနဲ့ ဆက်ဆံရာမှာ မိမိဖက်က သတိကြီးစွာထားဖို့ လိုတယ်လို့  ဦးသိန်းသန်းဦးက ထောက်ပြပါတယ်။

" အဲဒါတော့ ကျနော်တို့က ကိုယ့်ဘက်က ခိုင်မာရမယ်ထင်တယ်ဗျ၊ နိုင်ငံတကာစည်းမျဉ်းတွေ ဘောင်တွေနဲ့ ကျနော်တို့လုပ်ရမှာပေါ့နော်၊ လက်ပံတောင်းတောင်တို့ ကျန်တဲ့ကိစ္စတွေပေါ်ပေါက်ခဲ့တာတော့ အရင်စစ် အစိုးရလက်ထက်တုန်းက သူတို့ကိုဘယ်သူမှ ဆေးဖော်ကြောဘက်မလုပ်တာပေါ့ဗျာ၊ နိုင်ငံတကာမိသားစု အလယ်မှာ အဲလိုဖြစ်နေတဲ့အချိန်မှာ တရုတ်ကဘဲလုပ်တဲ့အတွက် တရုတ်ကိုပြေးကပ်ပြီးတော့ သူတို့ရဲ့အ သက်ဆက်ရေးအတွက် မမျှတတဲ့အခွင့်အရေးတွေပေးခဲ့ရတယ်လို့ယူဆတယ်ဗျ၊ အဲဒါမျိုးတွေ ကျနော်တို့ အဖြစ်ခံလို့မဖြစ်ဘူး၊ သူတို့ကိုယ်တိုင်ကလဲ ဗမာပြည်မှာ ရင်းနှီးမြုပ်နှံချင်တယ်၊ လက်ရှိလဲဘဲ ဗမာပြည် မှာအများဆုံး ရင်းနှီးမြုပ်နှံတာဟာ တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်နေတော့ အဲဒီအချက်ကို ကျနော်တို့က အသိ အမှတ်ပြုရမယ်"

ဒေါ်အောင်ဆန်းစုကြည်ကို လတ်တလောစီးပွားရေးပြသနာတွေ ဦးစားမပေးပဲ အလှမ်းဝေးတဲ့ ငြိမ်းချမ်းရေးကို အဓိကထားနေတယ်ဆိုပြီး နေ့တဓူဝ ဒုက္ခရောက်နေတဲ့ ဆင်းရဲသားပြည်သူတချို့က ဝေဖန်နေချိန်မှာ အဲဒီလိုပြောစ ကားတွေကို စစ်ဖိနပ်ရနံ့ တမ်းတနေသူတချို့ကလည်း  မသိမသာ မီးလောင်ရာလေပင့် နေတာမြင်ရပါတယ်။ ဦးသိန်းသန်းဦး ကတော့ မြန်မာပြည်တိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက်တာဟာ မှန်ကန်တဲ့အတွေးအခေါ်တရပ်ပဲလို့ ရှုမြင်ပါတယ်။

"ငြိမ်းချမ်းရေးက ပိုပြီးတော့ရှေ့ရောက်တိုးတက်လာလေ ကျနော်တို့ပြန်ထိန်းသိမ်းလို့ရလေဖြစ်မယ်၊ ဝိသ မလောဘသားပေါ့ဗျာ ဟိုတုန်းကအသုံးနဲ့ပြောရင် ဒီကုန်သည်ကတော့ ရတာနဲ့ဘနဖူး သိုက်တူးမှာဘဲ၊ အဲဒီ အခြေအနေတွေက တိုင်းပြည်ငြိမ်းချန်းနေတယ်ဆိုရင် ကျနော်တို့ ထိန်းသိမ်းရမှာဘဲဗျ"

ငြိမ်းချမ်းရေးညီလာခံ ဒုတိယ အစည်းအဝေးက ပြီးသွားခဲ့ပါပြီ။ တရုတ်အစိုးရပြောတာတွေကို နယ်စပ်တိုင်းရင်း သားတွေက အနာဂတ်မှာကော ဘယ်လောက်နားထောင်မယ် ထင်ပါသလဲလို့ ဆရာ စည်သူအောင်မြင့်ကို ကျနော်မေးပါတယ်။

"နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ပေါ့နော်၊ အဲဒီမှာဘယ်သူတွေကြီးစိုးသလဲဆိုရင်တော့ စစ် ဘုရင်တွေကြီးစိုးတာပါ၊ သူတို့အကျိုးစီးပွားဘယ်လောက်ရှိသလဲပေါ့၊ ရှေ့ပိုင်းမှာတုန်းကဆိုရင် တရုတ်အစိုး ရက မြန်မာပြည်ထဲမှာကျတော့ ကျနော်တို့ဆီမှာကလဲ စစ်အာဏာရှင်တွေအုပ်စိုးခဲ့တယ်၊ အဲဒီလူတွေနဲ့လဲ သူတို့ကအဆင်ပြေအောင်နေတယ်၊ ပြီးတော့နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားစစ်ဘုရင်တွေနဲ့အ ဆင်ပြေအောင်နေပြီးတော့မှ ကျနော်တို့ဆီက နယ်စပ်က သံယံဇာတတွေ၊ အကျိုးစီးပွားတွေ ထုတ်ယူခဲ့ တာတွေအများကြီးလုပ်ခဲ့တယ်၊ လုပ်ခဲ့တော့ တရုတ်အစိုးရနဲ့သူတို့ကပြေလည်တယ်၊ ဒါပေမဲ့တရုတ်နိုင်ငံ ရဲ့အကျိုးစီးပွားကိစ္စက အခုအဲဒါ ပြောင်းသွားပြီ၊ ပြောင်းသွားပြီးမှ ကျနော်တို့နိုင်ငံ ပြည်တွင်းမှာ အခြေ စိုက်ပြီးတော့မှ ရင်းနှီးမြုပ်နှံမှုတွေလုပ်တော့မှသာ သူ့အကျိုးစီးပွားတွေဖြစ်ထွန်းတော့မယ်ဆိုတဲ့အခါ ကျတော့မှ လက်ရှိမြန်မာအစိုးရ ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ တပ်မတော်နဲ့ပြေလည်အောင်လုပ်လာ တယ်၊ လုပ်လာပြီးတော့မှ ဒီပြည်တွင်းစစ်ဖြစ်နေတဲ့ဆီမှာလည်း တည်ငြိမ်းအေးချမ်းတော့မှသာ စီးပွားရေး လုပ်ငန်းကိုအေးဆေးလုပ်နိုင်မယ်ဆိုတဲ့အခါကျတော့ အဲလိုမျိုးအပစ်ခတ်ရပ်စဲရေးတွေဖြစ်လာအောင် စီး ပွားရေးဇုန်တွေ စီးပွားရေးနယ်မြေတွေဖြစ်လာအောင် သူကြိုးစားနေတာတော့တွေ့တယ်၊ အဲတော့ အဲ့အခြေနေအောက်မှာ နယ်စပ်နေတိုင်းရင်းသားတွေ စစ်ဘုရင်တွေက သူတို့ရဲ့အကျိုးစီးပွား ဘယ်လောက်ရှိမလဲ၊ ရှိတယ်ဆိုရင်တော့သူတို့နာခံဖို့အဆင်သင့်ရှိပါတယ်"

စီးပွားရေးနဲ့ နိုင်ငံရေးအပြင် တရုတ်ပြည်နဲ့ ပတ်သက်ပြီး မြန်မာပြည်အတွက်  မိုးမပြို၊ ပြိုခဲ့သော်ဆိုပြီး တွေးပူနေကြ တဲ့ အချက်တခု ရှိပါသေးတယ်။ အဲဒါကတော့ တရုတ်ပြည်ရဲ့ စစ်ရေးချဲ့ထွင်မှုနဲ့ ဆက်စပ်ပြီး ပေါ်ပေါက်လာတာ ပါ။ ခေတ်အဆက်ဆက် မြန်မာစစ်အစိုးရခေါင်းဆောင်တွေဟာ မြန်မာပြည်ကို တရုတ်ပြည်က ဝင်ရောက်သိမ်း ပိုက်နိုင်တဲ့ အန္တရာယ်ရှိကြောင်း ပြောခဲ့ကြဖူးပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်က မြန်မာ့တပ်မတော်အတွင်း ဖြန့်ဝေတဲ့စာတစောင်မှာ တိုင်းပြည်ကာကွယ်ရေးအတွက် သမိုင်းကြောင်းနောက်ခံ၊ လူမှုစီးပွားအခြေအနေနဲ့ ပထဝီအနေအထားတွေကို ထည့်သွင်းစဉ်းစားရမယ်လို့ တရုတ်ပြည်ကို အမည်မဖေါ်ပြပဲ ရည်ညွန်းရေးသားထားကြောင်း Bertil Lintner ရဲ့ဆောင်းပါးမှာ ဖတ်ရပါတယ်။

မြန်မာပြည်အတွက် အိန္ဒိယက ကျူးကျော်မယ့် အလားအလာ မရှိသလို ထိုင်းကိုလည်း ထည့်တွက်ဖို့မလိုဖူး၊ ဒါ့အပြင် ပင်လယ်က ဝင်လာမယ့် ရန်သူလည်းမရှိဖူး၊ အဓိက တဦးတည်း ရန်သူက တရုတ်ပဲလို့ ဗိုလ်မှူးကြီးမောင်မောင် ပြောစကားကို ကိုးကားပြီး အမေရိကန်ကျွမ်းကျင်သူ တစ်ဦးက ရေးသားဖူးကြောင်းလည်း သူကပြောပါတယ်။

ဦးသိန်းသန်းဦးကတော့ တရုတ်ပြည်က မြန်မာပြည်ကို ဝင်ရောက်သိမ်းပိုက်မယ်ဆိုတာ ဒီခေတ်မှာ စိတ်ကူးယဉ် ချက် တခုပဲလု့ိ ဝေဖန်ပါတယ်။

"ကျနော်တော့ လုံးဝမထင်ဘူးဗျ၊ အဲဒီခေတ်က မရှိတော့ပါဘူး ပြောင်းသွားပါပြီ၊ နယ်ချဲ့စနစ်က ပုံစံအ သစ်တွေနဲ့ပေါ့ဗျာ၊ စည်းရုံးရတာဘဲ တရုတ်ပြည်ကအခုကျနော်တို့ မြင်နေရတာဘဲ၊ သူတို့တိုးချဲ့တာ ဗမာပြည်မှ မဟုတ်ပါဘူး၊ တောင်တရုတ်ပင်လယ်မှာ သူတို့အင်အားတွေဖြန့်ကျက်တာရှိတယ်၊ ကမ္ဘာ့ပို ပါလာချင်နေတာတော့တွေ့ရတယ်ဗျ၊ သို့ရာတွင် ဗမာပြည်က သူတို့စစ်တပ်နဲ့ဝင်ရောက်သိမ်း ပိုက်လောက်အောင်အရေးပါတယ်မထင်ဘူး၊ အဲဒါဆိုရင် ကမ္ဘာ့ဇတ်ခုံမှာ သူတို့ရဲ့ရုပ်လုံးက လုံးဝပြုတ် ကျသွားမယ်၊ အခုလက်ရှိအနေအထားမှာ ထရမ့်အစိုးရက ကမ္ဘာပေါ်မှာ အမေရိကုန်ပြည်ထောင်စု ရဲ့ခေါင်းဆောင်မှုကို တဖြည်းဖြည်း နောက်ဆုတ်ေ်နတဲ့အချိန်မှာ တရုတ်က တဖြည်းဖြည်းရှေ့လှမ်းတိုးနေ တာ၊ အဲလိုအချိန်မှာ ဒီလိုရုပ်ပျက်ဆင်းပျက်ကိစ္စမျိုးလုပ်မယ်မထင်ဘူး၊ နောက်တစ်ချက်ကလဲ ဒီဟာတကယ် တမ်းဆိုရင် ကျနော်တို့ဆီမှာ ဖြစ်ခဲ့ပျက်ခဲ့တဲ့ သမိုင်းတလျှောက်မှာ ဒီလိုအဖြစ်အပျက်တွေဖြစ်ချင်တယ်ဆို လွယ်လွယ်လေးပါ၊ ဖြစ်ခဲ့တာကြာပါပြီ"

ဆရာ စည်သူအောင်မြင့်ကလည်း အလားတူ ရှုမြင်ပါတယ်။

"မြန်မာတစ်နိုင်ငံလုံးကို ဝင်ပြီးတိုက်ခိုက်သိမ်းပိုက်ဖို့တို့ ဒါတော့မဖြစ်နိုင်ပါဘူး၊ ခေတ်သစ်ကြီးက ဒါမျိုးဖြစ်ဖို့အလားအလာမရှိပါဘူး"

စစ်အစိုးရလက်ထက်မှာ တရုတ်ပြည်နဲ့ နီးစပ်မှုကို ဝေဖန်ခဲ့သူတချို့က  ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် မှာ အနောက်အုပ်စုနဲ့ ပိုပြီးနီးစပ်လာမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် အဲဒီ အယူအဆ မှားယွင်းကြောင်း ပြီးခဲ့တဲ့ ညီ လာခံက သက်သေပြခဲ့ပါပြီ။ တရုတ်ပြည်နဲ့ ဘယ်လောက်အထိ ပိုပြီး ပူးပေါင်းမှုတွေ ရှိလာမလဲဆိုတာ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ပိုးလမ်းမနဲ့ မြစ်ဆုံကိစ္စအပါအဝင် မကြာခင်ပေါ်ပေါက်လာမယ့် အချင်း အရာတွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org