0:00 / 0:00
ပြီးခဲ့တဲ့ သြဂုတ်လ ကုန်ပိုင်းလောက်ကစခဲ့တဲ့ ကရင်ပြည်နယ်အတွင်း DKBA ခွဲထွက်အဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ စက်တင်ဘာလအတွင်းမှာပါ မပြတ်နိုင်သေးဘဲ ဖြစ်နေပါတယ်။ ကရင်ပြည်နယ်အတွင်းမှာ အစိုးရနဲ့ KNU အဖွဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းပြီလို့ ပြောနေချိန်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ စတင်လာတာပါ။
နောက်ထူးခြားချက်က ဒီတိုက်ပွဲတွေကို အကြောင်းပြုပြီး အစိုးရတပ်မတော်အင်အားတွေ ကရင်ပြည်နယ်အတွင်း ချဲ့ထွင်လာခြင်းဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါပြီ။