လေထုညစ်ညမ်းမှုနဲ့ ကလေးကျန်းမာရေး

0:00 / 0:00

ကမ္ဘာမှာ ကလေး ၁၀ ယောက်မှာ ၉ ယောက်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လေမရှူရဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မကြာခင်က ထုတ်ပြန်လိုက်တဲ့ လေထုညစ်ညမ်းမှုနဲ့ ကလေးကျန်းမာရေး အစီရင်ခံစာမှာပါရှိပါတယ်။ ကလေးတွေဟာ အိမ်တွင်းလေထုညစ်ညမ်းမှုရော၊ အိမ်ပြင်ပလေထုညစ်ညမ်းမှုဒဏ်ပါ ခံစားနေရပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်မတွေပါ အိမ်တွင်း လေထုညစ်ညမ်းမှုဒဏ်ကို မရှောင်နိုင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။