စစ်ကောင်စီလက်ထက် လုယက်မှုတွေပိုများလာ
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် နိုင်ငံတစ်ဝန်းက နေရာအတော်များများမှာ လုယက်မှု၊ ခိုးမှု၊ ဓားပြမှုတွေ ပိုများလာနေပါတယ်။
-
မိယဉ်စနိုင်း
2022-03-23 -
-
-
၂၀၂၁ ခုနှစ် ဧပြီလ ၅ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
Photo:AFP
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် နိုင်ငံတစ်ဝန်းက နေရာအတော်များများမှာ လုယက်မှု၊ ခိုးမှု၊ ဓားပြမှုတွေ ပိုများလာနေပါတယ်။
ရန်ကုန်မြို့မှာဆိုရင် လူအသွားအလာပြတ်တဲ့ ညဘက်တင်မကဘဲ နေ့လယ်နေ့ခင်းအချိန်တွေမှာပါ လုယက်ခံရသူတွေ ရှိနေပါတယ်။ တချို့က ရဲစခန်းကိုတိုင်ကြားတာတွေရှိပေမယ့် အများစုကတော့ ရဲတပ်ဖွဲ့နဲ့ တရားဥပဒေစိုးမိုးမှုအပေါ် အယုံအကြည် မရှိတော့တဲ့အတွက် တိုင်တန်းချင်တဲ့စိတ် မရှိကြဘူးလို့ သိရပါတယ်။ မိယဉ်စနိုင်းက တင်ပြထားပါတယ်။