ရန်ကုန်တိုင်းဥပဒေချုပ်ရာထူး ခန့်အပ်ရေး
လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်နေရာမှာ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးကြည်ကို ခန့်အပ်ဖို့အတွက် ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
-
2018-09-26 -
-
-
Your browser doesn’t support HTML5 audio
လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်နေရာမှာ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးကြည်ကို ခန့်အပ်ဖို့အတွက် ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဒေါ်ခင်မျိုးကြည်ဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အငြိမ်းစားညွှန်ကြားရေးမှုး ဖြစ်တာကြောင့် အရင်အစိုးရလက်ထက်က ဝန်ထမ်းဟောင်းတဦးကို ပြန်လည်ခန့်အပ်တဲ့အပေါ် ဝေဖန်သူတွေ ရှိနေပါတယ်။ ဒါ့ပြင် ဒီရာထူးဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ရာထူး ဖြစ်တာကြောင့် မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင် နားလည်သူကိုသာ ခန့်အပ်သင့်တယ်လို့လည်း ဖေန်နေကြပါတယ်။
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။