ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဘာ​တွေ​ပြောမလဲ

RFA ကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဥ်မှာ၊ ရွေးကောက်ပွဲအကြိုကာလ အထူးအစီအစဥ်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို တင်ဆက်ပေးမှာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း

RFA ကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဥ်မှာ၊ ရွေးကောက်ပွဲအကြိုကာလ အထူးအစီအစဥ်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို တင်ဆက်ပေးမှာပါ။

လတ်တလော လူပြောများနေတဲ့ မဲစာရင်းအမှားအယွင်းကိစ္စ၊ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှုရှိမရှိ၊ ရှမ်းပြည်နယ်ထဲက UWSA "ဝ" တပ်ဖွဲ့ထိန်းချုပ်ရာ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ ဘာကြောင့် မြို့နယ်နှစ်ခုပဲ ရွေးကောက်ပွဲ ကျင်းပနိုင်တာလဲ၊ UEC က ပစ်မှုပစ်ဒဏ်တွေကို ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုရက်ပိုင်း ဖော်ပြလာတာဟာ ဘာ့ကြောင့်လဲ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ ဘယ်လောက် လွတ်လွတ်လပ်လပ် စောင့်ကြည့်လေ့လာခွင့်ရမလဲ စတဲ့အချက်တွေကို RFA ဝိုင်းတော်သူ မအေးအေးမွန်က၊ "ယနေ့နိုင်ငံရေး" အစီအစဥ်အဖြစ် သီးသန့်တွေ့ဆုံမေးမြန်းပြီး တင်ဆက်ထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org