ဘားအံမြို့ ဇွဲကပင်တောင်မှာ အပူလွန်ကဲပြီး တောမီးလောင်ကျွမ်း

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ မနေ့ညနေပိုင်းကစပြီး မီးလောင်ကျွမ်းနေပြီး ဒီနေ့မနက်ပိုင်းအထိ မီးငြှိမ်းသတ်နေရဆဲလို့ သိရပါတယ်။

တောမီးလောင်ခဲ့တဲ့ ဘားအံမြို့က ဇွဲကပင်တောင်ကို ၂ဝ၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ကတွေ့ရစဉ် Photo: Sa Yar Lone‎

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ မနေ့ညနေပိုင်းကစပြီး မီးလောင်ကျွမ်းနေပြီး ဒီနေ့မနက်ပိုင်းအထိ မီးငြှိမ်းသတ်နေရဆဲလို့ သိရပါတယ်။

သဘာဝထုံးကျောက်တွေ အပူလွန်ကဲပြီး တောမီးလောင်ကျွမ်းတာဖြစ်ကြောင်း ကနဦး သတင်းတွေအရ သိရပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတချို့ထံ RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေး တက်ရောက်နေ တာနဲ့ အလုပ်ကိစ္စခရီးထွက်နေတာတွေကြောင့် ပြန်လည်မဖြေကြားနိုင်ကြောင်း ပြောပါတယ်။

ဒီလိုအပူချိန်မြင့်တဲ့ရာသီရောက်တိုင်း တောမီးလောင်ကျွမ်းလေ့ရှိပေမယ့် ဒီနှစ်မီးလောင်တာက အရင်နှစ်တွေကထက် ပိုကြာပြီး မီးပိုများတယ်လို့လည်း ဒေသခံတချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသိရိမင်းဇင် ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org