နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်ပြီး အခုလွတ်မြောက်မယ့် သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက် ပါဝင်ပါသလဲလို့ မေးမြန်းခဲ့ရာမှာ တာဝန်ကျ အရာရှိ တစ်ဦးကတော့- “ကိုးယောက်တော့ ကိုးယောက်ပဲခင်ဗျ၊ ဇာဂနာတော့ ပါတယ်” အဲဒီအရာရှိက အခုလွတ်မယ့် သူတွေထဲမှာ ကိုမင်းကိုနိုင်တော့ ပါဝင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က RFA ကို အခုလိုပြောပါတယ်။ “ကြိုပြောလေ့ မရှိဘူးရှင့်၊ စစ်တွေက လွတ်တုန်းကလည်း လေယာဉ်ကွင်း သွားကြိုကာနီးမှ အိမ်က မိသားစု နှစ်ယောက် လိုက်ပါဆိုပြီးတော့ ခေါ်တာ၊ ၁၃ သွား ၁၅ ပြန်မယ်ဆိုပြီးတော့ လက်မှတ်ဝယ်ထားတာ၊ မွေးနေ့မှာ သူ့လည်း နည်းနည်းပါးပါး လှူရအောင်ပေါ့နော် ရန်ကုန်လည်း မွေးနေ့အမီ ပြန်မယ်ဆိုပြီး အခုဘာလုပ်ရမှန်း မသိဖြစ်နေတယ်” လာမယ့် အောက်တိုဘာလ (၁၃) ရက် မှာတော့ ကိုမင်းကိုနိုင် ရှိနေတဲ့ ကျိုင်းတုံထောင်ကို မိသားစုတွေ ထောင်ဝင်စာ တွေ့ဖို့ စီစဉ် ထားတယ်လို့ ပြောပါတယ်။ တခြား အတည်ပြုချက် မရသေးတဲ့ သတင်းရပ်ကွက် တစ်ခု အဆိုအရဆိုရင် လွတ်မြောက်မယ့် သူတွေထဲမှာ ၈၈ ကျောင်းသား ကိုဌေးကြွယ်နဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် တို့ ပါဝင်ကြောင်း သိရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်မှာ ထိုင်သင့်တဲ့ ပြစ်ဒဏ် ကျခံထားပြီး အကျင့်စာရိတ္တ ကောင်းလာတဲ့ အကျဉ်းသားတွေကို လူသားချင်း စာနာမှု၊ သူတို့မိသားစုတွေကို ငဲ့ညှာမှုနဲ့ နိုင်ငံ့အကျိုးအတွက် တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ကျန်နေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်သည်လို့ ဖော်ပြ ထားပါတယ်။ ခုချိန်ထိတော့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တစ်စုံတစ်ယောက်ကိုမှ သက်ဆိုင်ရာက အသိပေးတာ မရှိသေးပါဘူး။ ဒီအတောအတွင်း လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ကိုမင်းကိုနိုင်ရဲ့၄၉ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် ၂ ရပ်ကွက် ဘူတာရုံလမ်းမှာရှိတဲ့ သမိုင်းမြို့မ ပရိယတ္တိ စာသင်တိုက်မှာ မနက် ၈ နာရီကနေ ၁၀ နာရီထိ မွေးနေ့ အလှူကျင်းပဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက စီစဉ်နေကြပါတယ်။
ဇာဂနာ လွတ်ပြီး မင်းကိုနိုင်ကျန်မယ် လို့ နေပြည်တော်က ပြော
မနက်ဖြန် သီတင်းကျွတ် လပြည့်နေ့ကစပြီး အကျဉ်းသား ၆၃၅၉ ဦးလွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကြေညာ လိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ဦး ပါဝင်မယ် ဆိုတာတော့ မသိရသေးပါဘူး။
