ရိုးမ ကုမ္ပဏီ ဝီစကီ ရောင်းမည်

မြန်မာနိုင်ငံမှာ ဝီစကီ ဖက်စပ်ထုတ်လုပ်ဖို့အတွက် ပြင်သစ်ကုမ္ပဏီ Pernod Ricard နဲ့ မြန်မာဘက်က မစ္စတာဆာချ်ပန် ခေါ် ဦးသိန်းဝေရဲ့ ရိုးမကုမ္ပဏီတို့ ပူးတွဲဆောင်ရွက်ကြမယ်လို့ သောကြာနေ့က ကြေညာပါတယ်။

ရိုးမ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Melvyn Pun ကို တွေ့ရစဉ် Photo: Company

မြန်မာနိုင်ငံမှာ ဝီစကီ ဖက်စပ်ထုတ်လုပ်ဖို့အတွက် ပြင်သစ်ကုမ္ပဏီ Pernod Ricard နဲ့ မြန်မာဘက်က မစ္စတာ ဆာချ်ပန် ခေါ် ဦးသိန်းဝေရဲ့ ရိုးမကုမ္ပဏီတို့ ပူးတွဲဆောင်ရွက်ကြမယ်လို့ သောကြာနေ့က ကြေညာပါတယ်။

Pernod Ricard ကုမ္ပဏီဟာ နာမည်ကျော် Chivas Regal ဝီစကီနဲ့ Ballantine’s တို့ ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ် ပါတယ်။ ဈေးကွက်သုတေသန ပြုလုပ်ချက်တွေ အရ မြန်မာနိုင်ငံဟာက ဝီစကီဈေးကွက်ဟာ၂ဝ၁၁ နဲ့ ၂ဝ၁၆ ခုနှစ်တွေမှာ  ၆၃% အထိ တိုးတက်များပြားလာတာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တရားဝင်နိုင်ငံခြားအရက် တင်သွင်းခွင့်ကို ပိတ်ပင်ထားတာဖြစ်ပါတယ်။

အခု ရိုးမနဲ့ Pernod Ricard တို့ရဲ့ ဖက်စပ်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာ ထည့်ဝင်မှုများကို အသေးစိတ် ထုတ်ဖေါ်ခြင်းမရှိပေမယ့် စီမံခန့်ခွဲမှု ထုတ်လုပ်မှုတွေကို အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံရှိတဲ့ ပြင်သစ်ကုမ္ပဏီဘက်က ဆောင်ရွက်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org