ရန်ကုန်တိုင်းဒေသကြီး မှာ ဈေးဆိုင်တွေ ပိတ်ချိန် သတ်မှတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသောက် ဆိုင်၊ မီနီမားကတ်စတဲ့ ဈေးဆိုင်တွေကို ဒီကနေ့ညကစပြီး ည ၉ နာရီ နောက်ဆုံးထားဖွင့်လှစ်ရမယ် လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီကနေ့မှာ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသောက်ဆိုင်၊ မီနီမားကတ်စတဲ့ ဈေးဆိုင်တွေကို ဒီကနေ့ညကစပြီး ည ၉ နာရီ နောက်ဆုံးထားဖွင့်လှစ်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီကနေ့ မတ်လ ၂၅ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ အခုလိုထုတ်ပြန်တာဟာ အမိန့်ပုံစံမျိုးထက် သူတို့မြို့နယ်တွေမှာဆိုရင် ဆိုင်တွေကိုအသိပေးထားတာလို့ပြောပါတယ်။ ဒါ့အပြင် ဒီလိုဆောင်ရွက်ချက်ဟာ အများပြည်သူတွေ လုံခြုံရေးအတွက်ဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက RFA ကို ပြောပါတယ်။

တကယ်လို့ အခုလိုအမိန့်ထုတ်ပြန်တာကို မလိုက်နာတဲ့ ဈေးဆိုင်တွေရှိရင်လည်း အရေးယူဖို့မရှိပဲ အပြုသဘောနဲ့စည်းရုံးသွားမယ်လို့ အဲဒီအရာရှိကပြောပါတယ်။ ရန်ကုန်မြို့ တစ်ချို့နေရာတွေမှာဖြစ်တာက နည်းနည်းအကျယ်ချဲ့ ပြောဆိုနေတာတွေများနေတဲ့အတွက် အခုလိုဆိုင်တွေကို စောစောပိတ်ခိုင်းတာသာဖြစ်ကြောင်းလည်း အဆိုပါအရာရှိက RFA ကို ပြောပါတယ်။

မတ်လ ၂၄ ရက် မနေ့ညကလည်း ရန်ကုန်တိုင်းအတွင်း အစ္စလမ်ဘာသာဝင်တွေ အများစုနေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ လူစုလူဝေးနဲ့ဆူပူဖို့ ကြိုးစားခဲ့တာတွေရှိတယ်လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org