လုပ်ငန်းမလုပ်တဲ့မြေကွက်တွေ ပြန်သိမ်းဖို့ အစိုးရကိုတိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ပိုင်ခွင့်ရယူထားပြီး လုပ်ငန်းအကောင်အထည်မဖော်သေး တဲ့ မြေကွက်တွေကို အစိုးရအနေနဲ့ ပြန်လည်စိစစ်ပြီး သိမ်းဆည်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို မင်္ဂလာတောင်ညွန့်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေး ကျင်းပနေစဉ် Photo:Htet Arkar/RFA

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ပိုင်ခွင့်ရယူထားပြီး လုပ်ငန်းအကောင်အထည်မဖော်သေးတဲ့ မြေကွက်တွေကို အစိုးရအနေနဲ့ ပြန်လည်စိစစ်ပြီး သိမ်းဆည်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို မင်္ဂလာတောင်ညွန့်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်း လိုက်ပါတယ်။

လုပ်ပိုင်ခွင့်ရယူထားစဉ်က ဈေးနှုန်းသက်သက်သာသာနဲ့ ယူထားသလို လုပ်ငန်းအကောင်အထည်မပေါ်တော့ နိုင် ငံတော် အခွန်ဘဏ္ဍာလည်း ဆုံးရှုံးရတဲ့အတွက် အဆိုတင်တာလို့ မင်္ဂလာတောင်ညွန့်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

‘’အဲဒီမြေကွက်တွေက ယူခဲ့တုန်းကလည်း ဈေးနှုန်းတော်တော်လျှော့လျှော့ပေါ့ပေါ့နဲ့ ယူထားခဲ့ကြတယ်၊ လုပ်ငန်းမလုပ်တဲ့အတွက်ကြောင့် နိုင်ငံတော်ရဲ့ အခွန်အရပ်ရပ်က ဆုံးရူံးတယ်၊ လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်ကြရမယ့် နိုင်ငံသူနိုင်ငံသားတွေကလည်း လုပ်ငန်းတွေမပေါ်ပေါက်တော့ အလုပ်တွေ မလုပ်ကိုင် ရတော့ ဆုံးရူံးတယ်၊ အဲဒီလိုလုပ်ထားတဲ့မြေတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက သူတို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေပြန်ကြည့်မယ် မကိုက်ညီဘူးဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ ပြန်လည် သိမ်းဆည်းဖို့ဆိုတဲ့ အဆိုကို ကျနော်တင်တာပါ’’

အဲဒီအဆိုကို လာမယ့်အောက်တိုဘာလ ၁၁ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆက်လက်ဆွေးနွေး ကြဖို့ လွှတ်တော်က ဆုံးဖြတ်ထားပါတယ်။

လုပ်ငန်းလုပ်ပိုင်ခွင့်အတွက် အစိုးရပိုင် မြေကွက်တွေကို ရယူထားပြီး အကောင်အထည်မဖော်ဘဲ အဲဒီမြေကွက် တွေကို ဈေးကစားတာမျိုးရှိနေတာကြောင့် အိမ်ခြံမြေဈေးတွေလည်း ကမောက်ကမဖြစ်လာရတယ် လို့ ပြောပါတယ်။

မြေဈေးအဆမတန်ကြီး မြင့်လာတာတွေကြောင့် ပြည်ပရင်းနှီးမြှုပ်နှံကြမယ့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် လက်တွန့်လာကြရတယ်လို့လည်း ဦးလှဌေးက ထောက်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org