YBS အဆိုနောက်ဆုံးနေ့ ဝန်ကြီးချုပ် ခွင့်တိုင်ကြား

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တွေ့ရစဉ် (Photo: Aung Thain Kha/RFA)

YBS အဆိုကိုဆုံးဖြတ်မယ့် ဒီနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ခွင့်တိုင်ကြားခဲ့တဲ့အတွက် မတက်ရောက်နိုင်ခဲ့ပါဘူး။

YBS အဆို စတင်ဆွေးနွေးတဲ့ ပြီးခဲ့တဲ့ ၂၄ ရက်နေ့က စပြီး ခွင့်တိုင်ကြားခဲ့တာဖြစ်ပြီး ဒီနေ့ထပ်မံခွင့်တိုင်ကြား တာ ဖြစ်ပါတယ်။

အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန် တင်သွင်းတဲ့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အခုထက်ပိုမိုကောင်းမွန်လာဖို့နဲ့ ထိရောက်တဲ့ စည်းမျဉ်းစည်း ကမ်းတွေနဲ့ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ပွင့်လင်းမြင်သာစွာချပြဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်ကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့လွှတ်တော်အစည်းအဝေးမှာ အဲဒီအဆိုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဆွေးနွေးရှင်းလင်းပြီး အဆိုကိုဆုံးဖြတ်ချက် ရယူရမှာဖြစ်ပါတယ်။