လှိုင်သာယာမှာ YBS ယာဉ်နှစ်စီးတိုက်မိလို့ တစ်ဦးသေ ၃၀ ကျော်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အောင်ဇေယျကြိုးတံတားအနီး တစ်ထိပ်မှတ်တိုင်နားမှာ နိုဝင်ဘာလ ၆ ရက်၊ ဒီနေ့မနက် ၁၀ နာရီလောက်က YBS ယာဉ်နှစ်စီး တိုက်မိခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အောင်ဇေယျကြိုးတံတားအနီး ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည့် YBS ယာဥ်နှစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - အင်းစိန်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အောင်ဇေယျကြိုးတံတားအနီး တစ်ထိပ်မှတ်တိုင်နားမှာ နိုဝင်ဘာလ ၆ ရက်၊ ဒီနေ့မနက် ၁၀ နာရီလောက်က YBS ယာဉ်နှစ်စီး တိုက်မိခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

အင်းစိန်ဘက်ကနေ လှိုင်သာယာဘက်အခြမ်းကို မောင်းလာတဲ့ YBS - ၆၁ ယာဉ်နဲ့ လှိုင်သာယာဘက်ကနေ အင်းစိန်ဘက်ကို မောင်းလာတဲ့ YBS - ၆၉ ယာဉ်လိုင်းတို့ မျက်နာချင်းဆိုင် တိုက်မိခဲ့တာလို့ အင်းစိန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"ယာဉ်မောင်းတစ်ယောက်က နေရာတင် သေသွားပါတယ်။ ကားခေါင်းထဲညပ်ပြီးတော့ သေသွားတာ။ ဘယ် YBS က ယာဉ်မောင်းလဲဆိုတာ အတည်ပြုနေဆဲပါ။ နောက်ထပ် စိုးရိမ်ရတာကတော့ သုံးဦးက စိုးရိမ်ရတယ်။ ကျန်တဲ့ ၃၅ ဦးလောက်က ထိခိုက်ဒဏ်ရာ ရတယ်"

သေဆုံးသူအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေကို လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီနေရာဟာ မကြာခဏ ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးမှုတွေပါ ရှိတယ်လို့ လှိုင်သာယာ မြို့ခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org