ဒေါ်ဖြူဖြူသင်းရဲ့ HIV/AIDS ဂေဟာတာဝန်ခံ ကိုရာဇာ ပြန်လွတ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းက မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ကူညီစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ကိုရာဇာ ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အင်းစိန်ထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ ကိုရာဇာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းမှာ တွေ့ရစဉ်။ Facebook/ Mar Mar Sein

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းက မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ကူညီစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ကိုရာဇာ ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ကိုရာဇာကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀ (ဂ) နဲ့ အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်သုံးနှစ် ချမှတ်ခဲ့တာပါ။

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကိုရာဇာနဲ့ နီးစပ်သူတစ်ဦးကတော့ အင်းစိန်ထောင်ကနေ လွတ်ရက်စေ့လို့ ပြန်လွတ်လာတာလို့ RFA ကို ပြောပါတယ်။

"လွတ်ရက်စေ့လို့ ပြန်လွတ်လာတာပေါ့။ ကျန်းမာရေး ကောင်းမွန်ပါတယ်။ အခုလည်း ဂေဟာမှာ ကလေးတွေနဲ့ အတူတူရှိနေပါတယ်"

မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ဂေဟာကို တည်ထောင်သူဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှာ ပါဝင်မှုနဲ့ စစ်ကောင်စီ ဖမ်းဝရမ်းထုတ်ထားတဲ့နောက် ဂေဟာကို ကိုရာဇာက တာဝန်ယူ စောင့်ရှောက်ခဲ့တာပါ။

အဲဒီဂေဟာမှာ ကလေး ကိုးဆယ်ကျော်နဲ့ လူကြီး ခုနစ်ဆယ်ခန့်၊ စုစုပေါင်း ၁၆၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင် ၈ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၀,၇၀၇ဦး) ဖမ်းဆီးခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org