ရန်ကုန်မြေအောက်ရေ သုံးစွဲမှု ၂၀၂၅ မှာ ရပ်မည်
လာမယ့်၂၀၂၅ ခုနှစ်ကစပြီး ရန်ကုန်မြို့ ရဲ့ ရေပေးဝေရေးမှာ မြေအောက်ရေ သုံးစွဲမှု ရပ်ဆိုင်းမယ်လို့ ရန်ကုန်စည်ပင် သာယာရေးဌာနက ပြောပါတယ်။
-
2016-10-24 -
-
-
လာမယ့်၂၀၂၅ ခုနှစ်ကစပြီး ရန်ကုန်မြို့ရဲ့ ရေပေးဝေရေးမှာ မြေအောက်ရေ သုံးစွဲမှု ရပ်ဆိုင်းမယ်လို့ ရန်ကုန် စည်ပင်သာယာရေးဌာနက ပြောပါတယ်။
ရန်ကုန်မြို့နဲ့ အနီးတဝိုက်ကို ရေပေးနေရာမှာ မြေပေါ်နဲ့ မြေအောက်ရေ နှစ်မျိုးလုံးအပေါ် အားပြု နေရတာပါ။ ဒါပေမဲ့ မိုးရေချိန်လျော့နည်းလာနေ တာကြောင့် မြေအောက်ရေ ပမာဏလည်း လျော့ကျလာနေတယ်လို့ ဆိုပါတယ်။ အခုလက်ရှိအနေနဲ့ ရေဂါလံပေါင်း ၂၀၁ သန်း ပေးဝေနေရာမှာ မြေအောက်ရေ ပမာဏ ၁၆ သန်းသာ ပါဝင်တယ်လို့သိရပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ရန်ကုန်မြို့ဝန်းကျင် ရဲ့လူဦးရေ ၇.၃၆ သန်း ရှိပါတယ်။ လာမယ့် ၂၀၄၀ ပြည့်နှစ် မှာ လူဦးရေ ၈.၅ သန်း ရှိလာမယ့် အတွက် ရေဂါလံပေါင်း ၅၂၅ သန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့ကြောင့် ဒေသတွင်း ရေလိုအပ်ချက်ပြည့်မီအောင် ရေအရင်းအမြစ်သစ်တွေ ရှာဖွေသွားမယ်လို့ ဆိုပါတယ်။ မြေအောက်ရေ သုံးစွဲမှုကိုလည်း လျှော့ချသွားမှာဖြစ်ပြီး၊ တွင်းဟောင်းတွေ ပိတ်ပစ်မယ့် အပြင်၊ နောက်ထပ် တွင်းသစ်တွေလည်း တူးခွင့်မပြုတော့ဘူးလို့ သိရပါတယ်။