ရန်ကုန်မှာဖမ်းဆီးပြီး လုပ်အားပေးစေခိုင်းတာတွေရှိနေ
ရပ်ကွက်တွေထဲမှာ စစ်သားနဲ့ ရဲတွေ မဝင်နိုင်အောင် ပိတ်ဆို့ထားတဲ့ အကာအရံတွေ သဲအိ်တ်တွေကို ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးပြီး အတင်းအဓမ္မ ပြန်သန့်ရှင်းခိုင်းနေတာ ဖြစ်ပါတယ်။
- 2021-03-17
-
-
-
ဖမ်းဆီးခံရပြီး အဓ္ဓမ အလုပ်စေခိုင်းခံရသူများ
Photo-CJ
ရန်ကုန်မြို့တွင်းမှာ ပြည်သူတွေကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လုပ်အားပေးစေခိုင်းနေတာတွေရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ရပ်ကွက်တွေထဲမှာ စစ်သားနဲ့ ရဲတွေ မဝင်နိုင်အောင် ပိတ်ဆို့ထားတဲ့ အကာအရံတွေ သဲအိ်တ်တွေကို ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးပြီး အတင်းအဓမ္မ ပြန်သန့်ရှင်းခိုင်းနေတာ ဖြစ်ပါတယ်။
လက်ရှိရန်ကုန်မှာ နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတာကြောင့် လုံခြုံမှုမရှိတော့ဘူးလို့ ဒေသခံတွေကပြောကြပါတယ်။