အိမ်ငှားခနှုန်း မြင့်တက်နေမှု ရန်ကုန်လွှတ်တော်မှာ အဆိုတင်သွင်း

ရန်ကုန်တိုင်းဒေသကြီးမှာ အိမ်ငှား ခဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် သင့်တော်တဲ့ အိမ်ငှားခ နှုန်းထားတွေ သတ်မှတ်ပေးဖို့နဲ့ ဌားရမ်းမှုအဆင်ပြေအောင် ဆောင်ရွက်ပေးမယ့်အဖွဲ့တွေ ဖွဲ့ပေးဖို့ အဆိုကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက တင်သွင်းခဲ့ပါတယ်။

ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းအဆောက်အအုံတစ်ခုပုံ (Photo: AFP)

ရန်ကုန်တိုင်းဒေသကြီးမှာ အိမ်ငှားခဈေးနှုန်းတွေ မြင့် တက်နေတဲ့အတွက် သင့်တော်တဲ့ အိမ်ငှားခ နှုန်း ထားတွေ သတ်မှတ်ပေးဖို့နဲ့ ဌားရမ်းမှု အဆင်ပြေအောင် ဆောင်ရွက်ပေးမယ့်အဖွဲ့တွေ ဖွဲ့ပေးဖို့ အဆိုကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက တင်သွင်းခဲ့ပါတယ်။

အဲ့ဒီအဆိုကို တင်သွင်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်က RFA ကို အခုလို ပြောပါတယ်။

"အိမ်ငှားခကြီးမြင့်လို့ သူများတွေရဲ့ အိမ်အောက်တွေမှာ နေရတာတွေလည်း သွားတွေ့တာပေါ့၊ ကျနော်တို့ ရန်ကင်းဆိုရင် အိမ်ငှားခတွေက သိန်းနဲ့ချီဖြစ်လာတဲ့အခါကျတော့ အိမ်နောက် ခန်းတွေလည်းထုတ် အဲ့လိုမျိုးတွေ့ရတယ်၊ နောက် ဈေးဆိုင်တွေလည်းလုပ်လိုက်တယ်၊ တချို့များ ဈေးဆိုင်တွေမှာနေရတယ် သူတို့ဘဝတွေက၊ အဲ့ဒါဘာဖြစ်လို့လည်းဆိုတော့ အိမ်ငှားခတွေ သူတို့မတတ်နိုင်လို့၊ ကျောင်းတွေကိုသွားတဲ့အခါမှာ ကျောင်းသားဦးရေလျော့တယ်၊ ဘာဖြစ်လို့လည်း ဆရာမကြီးလို့မေးတဲ့အခါမှာ အိမ်ငှားခတွေဈေးမြင့်လို့ သူတို့က ဟိုးဆင်ခြေဖုံးတွေ ပြောင်းသွားကြပြီ၊ အိမ်ငှားခတွေ အဆမတန်ဆဈေးမြင့်မားမှှုဟာ တနည်းနည်းနဲ့ပေါ့နော်၊ အစိုးရကနေ ထိန်းချုပ်ပေးဖို့ လိုတာပေါ့နော်၊ ပြည်သူတွေပေါ်မှာ လုပ်ပေးရမဲ့တာဝန်ရှိတာပေါ့"

အဲ့ဒီအဆိုကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း နဲ့ သင်္ယန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်တို့က ထောက်ခံဆွေးနွေးခဲ့ပါ တယ်။

အိမ်ငှားခတွေ မတက်အောင် လွန်ခဲ့တဲ့ ၁၉၆၀ ခုနှစ် မြို့ပြငှားရမ်းခဥပဒေကို ပြင်ဆင်ဖို့ စီစဉ်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဖြေကြားခဲ့ပြီး လွှတ်တော်က အဆိုကို မှတ်တမ်းတင်လိုက်တယ်လို့ ပြောပါတယ်။

အဆိုတင်သွင်းသူ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org