အမျိုးသမီးသတင်းသမားတွေကို နှောင့်ယှက်နေသူ အရေးယူပေးဖို့ တိုင်ကြား

အမျိုးသမီးသတင်းထောက်တွေကို အမျိုးသားတစ်ယောက်က လူမှုကွန်ယက် facebook messenger ကနေ လိင်ပိုင်းဆိုင်ရာ ထိပါးပြောဆိုတာတွေ၊ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံရိုက်ပို့တာတွေ ကျူးလွန်နေတဲ့အတွက် စစ်ဆေးအရေးယူပေးဖို့ မြန်မာအမျိုးသမီးသတင်းထောက်အဖွဲ့က မြန်မာသတင်းမီဒီယာကောင်စီ၊ အငြင်းပွားမှုနဲ့ တိုင်ကြားမှုများ ဖြေရှင်းရေးကော်မတီထံ တိုင်ကြားလိုက်ပါတယ်။

Facebook အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်

အမျိုးသမီးသတင်းထောက်တွေကို အမျိုးသားတစ်ယောက်က လူမှုကွန်ယက် facebook messenger ကနေ လိင်ပိုင်းဆိုင်ရာ ထိပါးပြောဆိုတာတွေ၊ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံရိုက်ပို့တာတွေ ကျူးလွန်နေတဲ့အတွက် စစ်ဆေးအရေးယူပေးဖို့ မြန်မာအမျိုးသမီးသတင်းထောက်အဖွဲ့က မြန်မာသတင်းမီဒီယာကောင်စီ၊ အငြင်းပွားမှုနဲ့ တိုင်ကြားမှုများ ဖြေရှင်းရေးကော်မတီထံ တိုင်ကြားလိုက်ပါတယ်။

အခုလ ဒီဇင်ဘာ လဆန်းပိုင်းလောက်ကစပြီး Facebook အကောင့် PyaePhyo Thu ဆိုတဲ့နာမည်နဲ့ အမျိုးသား တစ်ယောက်က သတင်းထောက် အမျိုးသမီးတွေရဲ့ ကာယိအိန္ဒြေထိခိုက်အောင် ဆက်တိုက်လုပ်ဆောင်နေ တာကြောင့် တိုင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်ပိုင်းအတွင်း ဓာတ်ပုံတွေနဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြောဆိုတာတွေကို ကြုံတေ့ွနေရသူ သတင်းထောက် အမျိုးသမီး ၇ ယောက်လောက်ရှိပြီး ဒီဇင်ဘာလလောက်မှာ ပိုဆိုးလာတယ်လို့ မြန်မာအမျိုးသမီးသတင်းထောက် အဖွဲ့ဝင် မသူဇာ က ပြောပါတယ်။

သတင်းမီဒီယာကောင်စီအနေနဲ့ အမျိုးသမီးသတင်းထောက်တွေ ကြုံတွေ့ခံစားနေရတဲ့ ဒီပြဿနာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ထုတ်ပြန်ချက်တွေထုတ်ပြန်တာ၊ ဥပဒေကြောင်းအရ အရေးယူတာတွေကို ဆောင်ရွက်ပေးဖို့ တိုင်ကြားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org