YBS ၄ဝ ပေါ်မှာ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးနေ

ရန်ကုန်မြို့ အင်းစိန်ပေါက်တောဝက YBS ၄၀ ပေါ်မှာ ဇူလိုင်လ ၇ ရက်နေ့က အသက် ၆၉ နှစ်အရွယ်အမျိုးသမီးဦး ထိုင်လျက် သေဆုံးနေတာ တွေ့ရတယ်လို့ သွားရောက်ကူညီခဲ့တဲ့ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအဖွဲ့က RFA ကို ပြောပါတယ်။

YBS ၄၀ ပေါ်မှာ သေဆုံးနေတဲ့ အမျိုးသမီးကို သယ်ဆောင်ရန် ပြင်ဆင်နေစဉ်။ Photo: Citizen Journalist

ရန်ကုန်မြို့ အင်းစိန်ပေါက်တောဝက YBS ၄၀ ပေါ်မှာ ဇူလိုင်လ ၇ ရက်နေ့က အသက် ၆၉ နှစ်အရွယ်အမျိုးသမီးဦး ထိုင်လျက် သေဆုံးနေတာတွေ့ရတယ်လို့ သွားရောက်ကူညီခဲ့တဲ့ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအဖွဲ့က RFA ကို ပြောပါတယ်။

မနက် ၁၀ နာရီမှာ YBS ၄၀ ပေါ်ပါ အမျိုးသမီးသေဆုံးနေကြောင်း အကြာင်းကြားချက်ရခဲ့ပြီး PPE ဝတ်စုံဝတ်စုံဝတ်ပြီး ကားပေါ်စစ်ဆေးကြည့်ရာမှာ ခုံပေါ်ထိုင်လျက် အနေအထားနဲ့ သေဆုံးနေတာလို့ အင်းစိန်မြို့နယ် ကြက်ခြေနီအဖွဲ့ရဲ့ မြို့နယ်တပ်ဖွဲ့မှူး ကိုနီထွန်းက ပြောပါတယ်။

"ကျွန်တော်တို့ စနစ်တကျ ထုတ်ပိုးပြီးတော့ (အလောင်းကို) အင်းစိန်မြို့နယ်ဆေးရုံကို ရတနာကားနဲ့ (နာရေးကူညီမှု)ပဲပို့ဆောင်ပေးခဲ့ပါတယ်။ အင်းစိန်ဆေးရုံမှာတော့ ကိုဗစ်ဆရာဝန်က စစ်ဆေးတယ်။ အပြင်ဒဏ်ရာ၊ အတွင်းဒဏ်ရာစစ်ဆေးတယ်။ ဓမ္မတာအရ သေဆုံးကြောင်း ဟုတ်မဟုတ် စစ်ဆေးတယ်။ စစ်ဆေးပြီးတော့မှ ရင်ခွဲရုံကို ပို့ဆောင်ပါတယ်"

သေဆုံးသူကို စစ်ဆေးနေဆဲဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိနဲ့ ဘယ်လိုရောဂါကြောင့် သေဆုံးတယ် ဆိုတာကိုတော့ လောလောဆယ်မသိရသေးဘူးလို့ ကိုနီထွန်းကပြောပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုချက်အရ သေဆုံးသူမှာ ဆီးချို သွေးချို နဲ့ နှလုံးရောဂါအခံ ရှိနေတယ်လို့ ကိုနီထွန်းကပြောပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org