အကြမ်းဖက်မှု ပပျောက်ရေးနေ့ ချင်းမိုင်မြို့ WLB အဖွဲ့ကျင်းပ

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အမျိုးသမီးများအဖွဲ့ချူပ် ( မြန်မာနိုင်ငံ) WLB အဖွဲ့ကလည်း မြန်မာပြည်မှာ စစ်ဝါဒကျင့်သုံးနေမှုတွေ ရပ်တန့်ဖို့နဲ့ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အမျိုးသမီးများအဖွဲ့ချူပ်( မြန်မာနိုင်ငံ) WLB အဖွဲ့ကလည်း မြန်မာပြည်မှာ စစ်ဝါဒကျင့်သုံးနေမှုတေ ွရပ်တန့်ဖို့နဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလုပ်ဆောင်ကြဖို့  တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ နည်းပေါင်းစုံ အကြမ်းဖက်မှုတွေ ရပ်တန့်ပေးဆိုပြီး တိုက်တွန်းနှိုးဆော်လိုက်တာနဲ့ ပတ်သက်လို့ ပလောင်အမျိုးသမီး အစည်းအရုံးက တွဲဖက်အထွေထွေ အတွင်းရေးမှူးလည်းဖြစ် အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံ WLB အဖွဲ့ရဲ့ သဘာပတိအဖွဲ့ဝင်လည်းဖြစ်တဲ့ မလွေးပိုးငယ်က RFA ကို အခုလို ပြောပါတယ်။

“ကျမတို့ မြန်မာပြည် လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင်တော့ အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်တဲ့ ဟာတွေလည်းရှိတယ်၊ ဒါပေမဲ့ တကယ့်တကယ် ကျမတို့ ဒေသတွေမှာ အခုအချိန်အထိ စစ်တွေက ဆက်ဖြစ်နေတုန်းပဲလေ၊ ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကတော့ ပထမဦးဆုံးအနေနဲ့ စစ်မီးတွေငြိမ်းဖို့လိုအပ်တယ်၊ ဒီလိုစစ်ဖြစ်တဲ့အခါမှာ အမျိုးသမီးတွေက အများဆုံးအဖိနှိပ်ခံနေရတဲ့ အခြေအနေတွေမှာရှိတယ်၊ မုဒိန်းကျင့်ခံရတာ၊ ပေါ်တာဆွဲခံရတာ၊ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ခံရတဲ့ဟာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ ကျမတို့တွေက အစိုးရကိုသော်လည်းကောင်း၊ ဒီတိုင်း ရင်းသား လက်နက်ကိုင်တွေကို သော်လည်းကောင်း ငြိမ်းချမ်းရေးစကားပြောတဲ့အခါမှာ အမျိုးသမီးတွေ ပါဝင်သင့်တယ်ဆိုပြီး တိုက်တွန်းထားတာရှိတယ်”

မြန်မာအမျိုးသမီးအများစုဟာ ဘက်ပေါင်းစုံကနေပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အိမ်တွင်းအကြမ်းဖက်မှု၊ ပတ်ဝန်းကျင် အကြမ်းဖက်မှုနဲ့ အစိုးရစစ်တပ်ရဲ့ အကြမ်းဖက်မှုအမျိုးမျိုးကို ပိုမိုခံစားလာရတာတွေ့ရပြီး တဖက်မှာလည်း လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေဟာ တစ်ခုနဲ့တစ်ခုဆက်နွယ်နေတာကို တွေ့လာရတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အမျိုးသမီးတွေကို ဥပဒေပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုတွေ မဖြစ်မနေလက်တွေ့ချမှတ် အကောင်အထည်ဖော်ဖို့ လိုအပ်နေတာကြောင့် ဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးတွေဆောင်ရွက်ရာမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို အလေးထားစဉ်းစားပေးသင့်တယ်လို့ မလွေးပိုးငယ်က ဆက်ပြောပါတယ်။

“မြန်မာပြည်မှာ အမျိုးသမီးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေဆိုတာ အတော်နည်းပါးပါတယ်၊ ကျမတို့တွေကို ဥပဒေနည်းအရ ကာကွယ်ပေးတဲ့၊ အမျိုးသမီး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ပြဌာန်းဖို့လိုအပ်တယ်၊ အဲ့ဒါကြောင့်မို့ ကျမတို့တွေက ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အမျိုးသမီးခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ ပါလီမန်မှာထိုင်နေတဲ့ အမျိုးသမီး လွှတ်တော်အမတ်တွေကိုပဲဖြစ်ဖြစ် တိုက်တွန်းချင်တာပေါ့၊ ဒီအမျိုးသမီးတွေကို ကာကွယ်နိုင်မယ့်ဥပဒေ၊ မိသားစုမှာပဲဖြစ်ဖြစ်၊ စစ်မီးတွေမှာပဲဖြစ်ဖြစ်၊ အမှန်တရားအတွက် သူ့ကိုဖော်ထုတ်ပေးနိုင်တဲ့ ဥပဒေတွေ ပြဌာန်းထားရမယ်၊ ဒါ့အပြင် အစိုးရကတာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ရှိရမယ်”

ငြိမ်းချမ်းရေးကိုရှေ့ရှုပြီး အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုဆိုပြီး အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံ WLB အဖွဲ့က နိုဝင်ဘာ ၂၅ ရက်နေ့၊ ဒီကနေ့ကစလို့ လာမယ့်် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့အတူ အဖြူရောင်ဝတ်ဆင်ပြီး စစ်ဝါဒအကြွင်းမဲ့ ပပျောက်ရေးအတွက် တိုင်းရင်းသားပေါင်းစုံအနေနဲ့လည်း အမျိုးသမီးထုနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်နှိုးဆော်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org