တောဆင်ရိုင်းတွေကြောင့် လယ်ယာမြေဧက ၂ဝဝခန့် ပျက်စီး
ပဲခူးတိုင်းဒေသကြီး ပဲခူးချောင်းဖျား ဖက်ပိုင်းက ကျေးရွာပေါင်း ၅ဝကျော် ကို တောဆင်ရိုင်းတွေ မကြားသေးမီ ရက်ပိုင်းက ဝင်ရောက်ပြီး လယ်ယာမြေ ဧက ၂ဝဝခန့် ဖျက်ဆီးခံခဲ့ရတယ်လို့ ကြားသိရပါ တယ်။
-
2013-01-02 -
-
-
ဒီကိစ္စကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက အရေးယူပေးခြင်း မရှိသေးတဲ့အတွက် ရွာသူရွာသား ၁၅ဝလောက်က NLD ကို တိုင်ကြားအကူအညီတောင်းထားတဲ့အကြောင်း အခြေအနေကို ပဲခူးမြို့နယ် NLD လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအေးမင်းက ပြောပြပါတယ်။
သစ်တောပြုန်းတီးမှုကြောင့် အစာရေစာပြတ်တောက်ကာ ဆင်တွေဟာ ကျေးရွာတွေဖက်အထိ ဝင်ရောက်လာကြတာလို့ဒေသခံတွေက ယူဆနေကြပါတယ်။
၂ဝ၁၁ခုနှစ်ကလဲ ဒီလိုမျိုးတောဆင်ရိုင်းတွေ ရွာတွေထဲဝင်ရောက်နှောက်ယှက်ခဲ့လို့ လူအသေအပျောက်ရှိပေမယ့် ၂ဝ၁၂ခုနှစ်နဲ့ ခုချိန်ထိတော့ လူအသေအပျောက်မရှိသေးဘူးလို့ သိရပါတယ်။