ဒါနဲ့ပတ်သက်ပြီး ဖက်စပ်လုပ်ငန်း အကောင်အထည်ဖော်နိုင်ဖို့ မြန်မာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Myanmar Oriental Bank နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပြီလို့ ကုမ္ပဏီအရာရှိတွေက မနေ့က ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စု ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာစတဲ့ မြို့ကြီး ၁၉ မြို့မှာ လုပ်ငန်းစတင်မယ်လို့ ဆိုပါတယ်။
နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရုံးခွဲတွေ ဖွင့်လှစ်ထားတဲ့ အဲဒီ Western Union ကုမ္ပဏီကြီးရဲ့ Asia Pacific ဒေသဆိုင်ရာဌာနခွဲ ဒုတိယ ဥက္ကဋ္ဌ Drina Yue က နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ မြန်မာလူမျိုး သိန်းပေါင်းများစွာနဲ့ သူတို့ မိသားစုတွေအတွက် ထိရောက်မြန်ဆန်ပြီး စိတ်ချရတဲ့ ငွေလွှဲလုပ်ငန်း ဖော်ဆောင်ပေးဖို့ ရည်မှန်းကြောင်း ပြောသွားပါတယ်။