အရှေ့လေပွေလှိုင်း ဖြတ်သန်းရာ လမ်းကြောင်းတလျှောက် မိုးများမည်

ထိုင်းပင်လယ်ကွေ့အတွင်းက အရှေ့လေပွေလှိုင်းတစ်ခုဟာ မနေ့ညက ရန်ကုန်ကို ဖြတ်သန်းသွားပြီး ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်ဘက်ကို ဦးတည်ရွေ့လျားနေတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် က ပြောပါတယ်။

အောက်တိုဘာလကုန်ရက်ခန့်အထိ ရခိုင်ကမ်းလွန်ဒေသအနီး အရှေ့လေပွေလှိုင်းတစ်ခုကို ခန့်မှန်းထားပုံ Photo: Tun Lwin (facebook)

ထိုင်းပင်လယ်ကွေ့အတွင်းက အရှေ့လေပွေလှိုင်းတစ်ခုဟာ မနေ့ညက ရန်ကုန်ကို ဖြတ်သန်းသွားပြီး ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်ဘက်ကို ဦးတည်ရွေ့လျားနေတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် က ပြောပါတယ်။

အဲဒီလေပွေလှိုင်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအစပ်ကို သွားမှာဖြစ်ပြီး ဖြတ်သန်းသွားရာတလျှောက်မှာ မိုးရွာမှာဖြစ် တဲ့အတွက် ရခိုင်မှာ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် က ပြောပါတယ်။

"ညကတော့ ရန်ကုန်ဖြတ်သွားပြီလေ၊ သူက ရခိုင်ကိုရောက်အောင်သွားမှာ၊ ခုတော့ ဧရာဝတီ တိုင်း လောက်တော့ ရောက်နေပြီပေါ့၊ သူကသွားမှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအစပ်ကို သွားမှာပဲ၊ အဲတော့ အဲနားမှာရှိတဲ့ ရခိုင်မှာ မိုးပါပဲ၊ မုန်တိုင်းဝင်ဖို့တော့ မရှိပါဘူး၊ မနေ့ညက ရွာတာမျိုးတွေပေါ့၊ သူဖြတ်သွားတဲ့ တလျှောက်လုံး မိုးရွာမှာပဲလေ"

မနေ့ညပိုင်းက ရန်ကုန်မြို့မှာ လေပြင်းတိုက်ခတ်ခဲ့ပြီး ရုတ်တရက်မိုးရွာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလေပွေလှိုင်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းက ရခိုင်ကမ်းလွန်ဒေသကို ရောက်တဲ့အခါမှာ မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့လည်း ဦးထွန်းလွင် က ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org