တိုင်းနဲ့ ပြည်နယ် ၄ ခု ရေဖုံးလွှမ်းနိုင်
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်းနဲ့ ရန်ကုန်တိုင်းတို့ မှာ ရေဖုံးလွှမ်းနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က ပြောပါတယ်။
-
2017-07-30 -
-
-
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ရေဖုံးလွှမ်းနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင် က ပြောပါတယ်။
မိုးရွာသွန်းမှုကြောင့် ရေဖုံးလွှမ်းနိုင်တဲ့ ဧရိယာတွေကို အမေရိကန်အမျိုးသား အာကာသနဲ့ လေကြောင်းဦးစီးဌာန NASA က ဒီကနေ့ ထုတ်ပြန်ပေးတာဖြစ်တယ် လို့ ဒေါက်တာထွန်းလွင် က ပြောပါတယ်။
"ဒီနေ့မနက် ၆ နာရီခွဲ၊ နာဆာဂြိုလ်တုပေါ့နော်။ အဲ့ဒီဂြိုဟ်တုကနေ တိုင်းပေးထားတာ။ ရေကြီး တာတွေပြောတာ မဟုတ်ဘူး။ အနိမ့်ပိုင်းတွေ ရေဖုံးတာကို ပြောတာ။ ရေဖုံးတဲ့ဧရိယာက ရခိုင်ရှိတယ်။ မြောက်ပိုင်းမှာပေါ့။ ဧရာဝတီ၊ နောက်ရန်ကုန်၊ ပဲခူးတောင်ပိုင်း၊ တိုင်း ၃ ခု ပြည်နယ် ၁ ခုပေါ့။ရခိုင်ရယ်၊ ဧရာဝတီရယ်၊ ရန်ကုန်ရယ်၊ ပဲခူးတောင်ပိုင်းရယ်ပေါ့နော်။ မိုးရွာလို့ပါ"
စစ်တွေ၊ မအူပင်၊ မြိတ်၊ ပဲခူးနဲ့ မင်္ဂလာဒုံ စတဲ့မြို့နယ်တွေမှာ ရေဖုံးလွှမ်းနိုင်တဲ့ အလားလာတွေ ပိုများနေတယ် လို့လည်း ပြောပါတယ်။
ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန် စတဲ့တိုင်းနဲ့ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့နယ်မှာ ၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နယ်တွေမှာ စိုးရိမ်ရေမှတ်ကို ကျော် လွန်နေတာကြောင့် မြေနိမ့်ပိုင်းမှာနေတဲ့သူတွေအနေနဲ့ သတိထားကြဖို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။