လက်နက်ကြီးနဲ့ အပစ်ခံရလို့ နမ့်ဆန်မြို့ခံ သုံးဦး ဆေးရုံရောက်
2016.01.23
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့မှာ သောကြာနေ့ ညပိုင်းက လက်နက်ကြီး ကျည်တစ်လုံး ကျရောက် ပေါက်ကွဲ တာကြောင့် မြို့ခံ ၃ ဦး ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
ည ၁၂ နာရီကျော်ကျော်လောက်မှာ နမ့်ဆန်မြို့ပေါ်ရှိ မင်္ဂလာရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ နမ့်ဆန်မြို့နယ်က တအာန်းပလောင်အမျိုးသား ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုင်းဝင်းထူးက ပြော ပါတယ်။
အခုလို လက်နက်ကြီးနဲ့ပစ်ခတ်တာဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်တာလဲဆိုတာ မသိရသေးဘူး လို့ ပြောပါတယ်။
ဒဏ်ရာရသူတွေဟာ နမ့်ဆန်မြို့ ဆေးရုံမှာ လက်ရှိကုသနေကြရပြီး အဲဒီထဲက ကလေးငယ် တစ်ယောက်ဟာ ဒဏ်ရာပြင်း ထန်တဲ့အတွက် လားရှိုးဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ ကျောက်မဲ ၊ သီပေါမြို့နယ်တစ်ဝိုက်တို့မှာ တအာန်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA ဟာ အစိုးရတပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီရက်ပိုင်းအတွင်း ပိုမိုပြင်းထန်တယ်လို့ ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုင်းဝင်းထူးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်း ထားပါတယ်။