မိုင် ၈၀၀ ကျော် ငြိမ်းချမ်းရေး ခရီးရှည်ချီတက်ပွဲ စတင်

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ပေးဖို့ တောင်းဆိုကြတဲ့ ငြိမ်းချမ်းရေးလိုလားသူ ၂၀လောက်ဟာ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ကနေ တရုတ် မြန်မာနယ်စပ်အနီးမှာရှိတဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့အထိ မိုင်ပေါင်း ၈၀၀ချီတက် လမ်းလျှောက်ဆန္ဒပြပွဲကို ဒီကနေ့ မနက်ပိုင်းမှာ စတင်လိုက်ပါတယ်။

မိုင် ၈၀၀ကျော်ခရီးစဉ်ကို ရောက်ရှိဖို့အတွက် တစ်နေ့ကို မိုင် ၃၀ခန့် ရည်မှန်းထားကြမှာဖြစ်ပြီး ခန့်မှန်းခြေစုစုပေါင်း အချိန် ၂လနီးပါးလောက် ကြာမယ်လို့ထင်ကြောင်း ချီတက်ပွဲမှာ ပါဝင်သူတွေက RFA ကို ပြောပါတယ်။

တချိန်တည်းမှာပဲ တောင်ငူမြို့၊ ရွှေဆံတော်ဘုရားမှာ ငြိမ်းချမ်းရေးလိုလားသူ ၈၀ကျော်ဟာ ချိုးဖြူငှက်ရုပ်ပါတဲ့ တူညီတီရှပ်အင်္ကျ ီတွေဝတ်ဆင်ပြီး ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် ဆုတောင်းမေတ္တာပို့တဲ့ အခမ်းအနားတစ်ရပ်ကိုလည်း ကျင်းပခဲ့ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြရာမှာ ပါဝင်တဲ့ ကိုခိုင်နေမင်းကို RFA သတင်းထောက် မအိအိခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00