မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုကို တပြည်လုံး အတိုင်းအတာနဲ့ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့ထိဆောင်ရွက်မှာဖြစ်ပေမယ့် UWSA ဝ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၂၊ မိုင်းလားတပ်ဖွဲ ထိန်းချုပ်ရာ အထူးဒေသ ၄ နဲ့ ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ အခုမတ်လဆန်း ကစပြီး ကောက်ခံမယ်လို့ ဗဟိုသန်းခေါင်စာရင်းကော် မတီ က မနေ့ကရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက် ပါတယ်။
ဒီလိုရက်စောပြီး ကောက်ခံတာဟာ ဒေသခံ တိုင်းရင်းသားတွေ၊ ဒေသခံအာဏာပိုင်တွေ ရဲ့ တောင်းဆိုချက်အရဖြစ်သလို၊ ရာသီဥတု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ဘာသာစကား အခြေအနေတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒေသတစ်ခုချင်းအပေါ်မူတည်ပြီး လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေပုဒ်မ ၃ နဲ့အညီဆောင်ရွက်မယ်လို့လဲထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။