ကချင်ပြည်နယ်မှာ အမျိုးသမီးတွေအကြမ်းဖက်ခံရမှု ပိုများလာ

အဲလိဇဘက္ဂ်န္မာ
2020.11.25

နိုဝင်ဘာလ (၂၅) ရက်နေ့ ဒီကနေ့ဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း နိုင်ငံတော်တော်များများက အမျိုးသမီးတွေ ဒီကနေ့ အခမ်းအနားကို ပါဝင်ဆင်နွဲနေကြသလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာလည်း ဒီကနေ့ နေ့လည်ပိုင်းက အခမ်းအနား တစ်ရပ်လုပ်ပြီး ပါဝင်ဆင်နွဲခဲ့ကြတာပါ။

ကချင်ပြည်နယ်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုခံရမှု ပိုများလာတယ်လို့ အမျိုးသမီး အကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ Htoi Gender and Development Foundation ကပြောပါတယ်။

အခုနှစ်အတွင်း အမျိုးသမီး အကြမ်းဖက်ခံရတာနဲ့ ပတ်သက်ပြီး လာရောက်တိုင်တန်းတဲ့ အမှုပေါင်း တစ်ရာကျော်ရှိပြီး လူဦးရေ အားဖြင့် နှစ်ရာကျော်ရှိတယ်လို့ အမျိုးသမီး အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးတဲ့ Htoi Gender and Development Foundation အဖွဲ့ဒါရိုက်တာ ဒေါ်နန်ပူက ပြောပါတယ်။

အမျိုးသမီး အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဥပဒေအရ အကာအကွယ် ပေးထားပေမယ့်အမျိုးသမီး အများစုက သူတို့အရှက်သိက္ခာအတွက် အမှုမဖွင့်ပဲ နားလည်မှုနဲ့ ဖြေရှင်းကြတယ်လို့ အမျိုးသမီး အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အကျိုးဆောင်ရှေ့နေ ဒေါ်မိုင်းလုံက ပြောပါတယ်။

အခုနှစ်အတွင်း အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး မုဒိန်းမှု ပိုများလာတယ်လို့ ကချင်ပြည်နယ် ရဲမှုးကြီး ဉာဏ်မြင့်ကျော်က ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ်နေ့မှာ အကြမ်းဖက်မှုပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေးဆိုတဲ့ ခေါင်းစဉ်နဲ့ မြစ်ကြီးနားမြို့မှာ စက်ဘီးစီးလှုပ်ရှားတာ၊  ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ ပညာပေးပြဇာတ်ကပြဖျော်ဖြေတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။