ဗစ်တိုးရီးယားအမှု ဆရာမသုံးဦးကို စစ်ဆေး


2019.12.18
sudarliaung-khinmaungzaw-622 ရှေ့နေနှစ်ဦးဖြစ်တဲ့ ဒေါ်စုဒါလီအောင်နဲ့ ဦးခင်မောင်ဇော်ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၈ ရက်နေ့က တွေ့ရစဥ်
ဓါတ်ပုံ - သီဟထွန်း/ RFA

လူအများစိတ်ဝင်စားတဲ့ နေပြည်တော်က Victoria အမှုကို  ဒီကနေ့ ဒက္ခိဏခရိုင်တရားရုံးမှာ ၁၃ ကြိမ်မြောက်ရုံးချိန်းအဖြစ် စစ်ဆေးရာမှာ Wisdom Hill မူကြိုကျောင်းက ဆရာမ နှင်းနုလွင်အပါအဝင်  ဆရာမ သုံးဦးက သက်သေထွက်ဆိုရမှာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယား ကလေးငယ်ရဲ့ မိခင်ဘက်က လိုက်ပါဆောင်ရွက်တဲ့ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က ဒီ‌နေ့ ဆရာမ သုံးဦးကို စစ်ဆေးပြီးသွားရင် ကျောင်းဘက်က သက်သေတွေတော့ ကုန်သလောက်ဖြစ်သွားပြီလို့ တရားခွင် မစတင်မီ ပြောပါတယ်။

မနေ့ကလည်း နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ Wisdom Hill မူကြိုကျောင်း က  ပျောက်ဆုံးနေတဲ့ CCTV မှတ်တမ်းဖိုင်တွေကို ပြန်လည်ဖော်ထုတ်ဖို့  နည်းပညာကျွမ်းကျင်သူတွေက  ကြိုးစားခဲ့ကြပါတယ်။

မှတ်တမ်းဖိုင်တွေ ပြန်လည်ရရှိခြင်း ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

သုတ်ပိုးတွေ့ရှိခဲ့တဲ့ မှန်ပြားကို ထိုင်းနိုင်ငံက ဆေးရုံတစ်ခုမှာ DNA ပြန်လည် စစ်ဆေးနိုင်ဖို့ Victoria လေးရဲ့ ဖခင်ဖြစ်သူက တရားရုံးကို လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။