မြန်မာမှာ အရပ်သားတွေအကြမ်းဖက်ခံရမှု ကန်နဲ့ အင်ဒို သမ္မတ ရှုတ်ချ

ဝါရှင်တန်ဒီစီမြို့တော်မှာ သမ္မတနှစ်ဦး တွေ့ဆုံပြီးနောက် ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ပြစ်တင်ရှုတ်ချလိုက်တာပါ။

၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်မှာရှိသည့် သမ္မတ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီရန်တို တို့ တွေ့ဆုံစဉ်။ Photo: AFP

မြန်မာနိုင်ငံမှာ အရပ်သားတွေကို ဆက်လက်အကြမ်းဖက်နေတာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီရန်တို (Prabowo Subianto) တို့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ သမ္မတအိမ်ဖြူတော်မှာ သမ္မတနှစ်ဦး နိုဝင်ဘာ ၁၂ ရက်က တွေ့ဆုံပြီးနောက် ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ပြစ်တင်ရှုတ်ချတာဖြစ်ပြီး အရပ်သားတွေကို အကြမ်းဖက်တဲ့ လုပ်ရပ်တွေ ချက်ချင်းရပ်ဆိုင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီလိုတွေ့ဆုံချိန်မှာ မြန်မာ့ပဋိပက္ခ ဖြေရှင်းဖို့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းက ကြိုးပမ်းနေတာတွေကို သမ္မတ ဘိုင်ဒင်က ထောက်ခံကြောင်း ပြောကြားပါတယ်။

သက်ဆိုင်သူအားလုံး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးပြီး လူသားချင်းစာနာရေးအကူအညီ ပေးနိုင်တဲ့ ပတ်ဝန်းကျင်ဖန်တီးဖို့လည်း သမ္မတနှစ်ဦးက တိုက်တွန်းကြောင်းလည်း သမ္မတအိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ပါရှိတဲ့အကြောင်း အင်တာရာသတင်းက နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org