၂၀၀၈ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းရေးဆွဲဖို့ သူရဦးရွှေမန်း အဆိုတင်သွင်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းတစ်ရပ် ကို ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံးရေးဆွဲပြီး လွှတ်တော်ကိုတင်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ပြည်သူ့လွှတ်တော်မှာ အဆိုတင်လိုက်ပြီး ကန့်ကွက်မယ့်သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေး နေပြည်တော်မှာ ကျင်းပစဉ် Photo: H.E. Thura U Shwe Mann Facebook

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းတစ်ရပ် ကို ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံးရေးဆွဲပြီး လွှတ်တော်ကိုတင်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ပြည်သူ့လွှတ်တော်မှာ အဆိုတင်လိုက်ပြီး ကန့်ကွက်မယ့်သူမရှိတဲ့အတွက် အတည်ပြုလိုက်ပါတယ်။

လွှတ်တော်ဥက္ကဌအနေနဲ့ ဒါဟာဒုတိယအကြိမ် အဆိုတင်တာဖြစ်ပြီး၊ ပထမအကြိမ်အဆိုကိုတော့ နိုင်ငံ ဝန်ထမ်းတွေလစာတိုးဖို့ ၂၀၁၂ ခုနှစ်က တင်ခဲ့တာပါ။ အခုတကြိမ်ဟာ ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တင်သွင်းတာလို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။

"ကျနော်တင်ပြလိုတဲ့ အဆိုပြုချက်ကတော့ ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို ရုပ်သိမ်းနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂ဝဝ၈ ကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို လွှတ်တော်သို့ သက်ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုအစိုးရအား အမြန်ဆုံးတင်သွင်းရန် တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်"

၁၉၅၉ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေကို ရုပ်သိမ်းပေးဖို့ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီကနေ့တင်သွင်းခဲ့ပြီး သူရဦးရွှေမန်းက အဆိုတင်ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဥပေဒကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲနေပြီး လွှတ်တော်ကို တင်သွင်းရင် လက်ရှိဥပဒေကို ရုပ်သိမ်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

လွှတ်တော်အမတ်တချို့ကတော့ ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ ခက်ခဲစေမယ့်အချက်တွေပါလာရင် ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org