အခြားပါတီများကိုရန်ဖက်လို သဘောမထားဖို့ ဦးရွှေမန်းပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ တခြားပါတီတွေကို ရန်ဖက်လို့ သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားကြဖို့ ၊ ရွေးကောက်ပွဲမှာတော့ ယှဉ်ပြိုင်ဘက်လို့ သဘောထားပြီး အနိုင်ရအောင် ကြိုးစားကြဖို့ ပါတီဝင်တွေ ကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ကို တွေ့ရစဉ် photo: RFA/ Myo Thant Khaing

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ တခြားပါတီတွေကို ရန်ဖက်လို့ သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားကြဖို့ ၊ ရွေးကောက်ပွဲမှာတော့ ယှဉ်ပြိုင်ဘက်လို့ သဘောထားပြီး အနိုင်ရအောင် ကြိုးစားကြဖို့ ပါတီဝင်တွေကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ သာယာဝတီ၊ ကျွန်းလှနဲ့ ပင်းတယမြို့နယ်တွေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၆၀၀ နီးပါးလောက် ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာစဉ်  သူရဦးရွှေမန်းက အခုလို ပြောခဲ့တာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်က တိုင်းပြည်အတွက် အဓိကလိုအပ်နေတဲ့ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြဌာန်းဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ပါတီဝင်တွေကို ပြောကြားသွားပါတယ်။

လွှတ်တော်အစည်းအဝေးတွေကို ပြည်ထောင်စ ုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီဝင်တွေ အရင်က မကြာခဏ လာရောက်လေ့လာကြပေမယ့် ဒီနေ့ သူရဦးရွှေမန်းက ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org