ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီညီလာခံ သြဂုတ်လမှာ ကျင်းပမည်

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ညီလာခံကို လာမယ့် သြဂုတ်လအတွင်းမှာ ကျင်းပသွားဖို့ရှိကြောင်း ပါတီရဲ့ ဗဟို အတွင်းရေးမှူး ဒေါ်ဝင်းမော်ထွန်း က ပြောပါတယ်။

နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ကို တွေ့ရစဉ်

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ညီလာခံကို လာမယ့် သြဂုတ်လအတွင်းမှာ ကျင်းပသွားဖို့ရှိကြောင်း ပါတီရဲ့ ဗဟိုအတွင်းရေးမှူး ဒေါ်ဝင်းမော်ထွန်း က ပြောပါတယ်။

နေပြည်တော် ပျဉ်းမနားသကြားစက်ရုံမှာ ဒီကနေ့ ကျင်းပတဲ့ အလုပ်သမားနေ့အခမ်းအနားကို တက်ရောက်ပြီး ပါတီဥက္ကဌ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တဲ့ ဒေါ်ဝင်းမော်ထွန်းကို ပါတီညီလာခံနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကျမတို့ မှန်တာပြောပြတာလေ၊ အစောကြီးကတည်းက ခေါ်ဖို့ကြိုးစားခဲ့ပြီးသားပါ၊ အောက်ခြေ အဆင့်ကနေ အဆင့်ဆင့်ပြန်တက်လာပြီး ထိပ်ပိုင်းအထိ လုပ်ဖို့စီစဉ်ပြီးသားဖြစ်တဲ့အတွက် သြဂုတ် လလောက်မှာ ဖြစ်မယ်လို့ယူဆပါတယ်၊ ကျမတို့လည်း ကြိုတင်ပြင်ဆင်မှုမျိုး အများကြီးလုပ်နေရ ပါတယ်"

ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို လာမယ့် မေလကုန်လောက်မှာ ကျင်းပပေးဖို့ ပါတီရဲ့ ဗဟိုကော်မတီဝင် ၁၃၆ ဦးက လက်မှတ်ရေးထိုးပြီး ပါတီ ဥက္ကဌ ဦးသိန်းစိန်ထံ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က တောင်းဆိုထားပါတယ်။ ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုကော်မတီဝင် ၂၁၉ ဦးရှိပြီး လက်မှတ်ရေး ထိုးတောင်းဆိုသူ ၁၃၆ ဦးရှိတာ ဖြစ်ပါတယ်။

ပါတီဥက္ကဌ ဦးသိန်းစိန်ထံ စာပေးပို့တောင်းဆိုတဲ့အထဲမှာ ပါတီကနေ ထုတ်ပယ်ခံထားရတဲ့ သူရဦးရွှေမန်း၊ ဦးဇော်မြင့်ဖေ၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း စတဲ့ ပုဂ္ဂိုလ် ၁၇ ဦး ပါဝင်ပါတယ်။

ပါတီကနေ ထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပါတီညီလာခံ သို့မဟုတ် ပါတီရဲ့ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်ပေးရမှာဖြစ်ကြောင်း သူရဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးကို ပြီးခဲ့တဲ့နှစ် မေလ ၃၀ ရက်နေ့က နောက်ဆုံး အကြိမ် ကျင်းပခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org