အခု ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်ဆောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ ပါတီက နေရာ အပြည့် ဝင်ပြိုင်မှာ ဖြစ်ပေမယ့် တစညပါတီ အတွက် စိန်ခေါ်မှု မရှိနိုင်ဘူးလို့ ပါတီ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဟန်ရွှေက ပြောပါတယ်။ တစညပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် သုံးရပ် အတွက် ကိုယ်စားလှယ် နေရာ ကိုးရာကျော် ဝင်ပြိုင်ခဲ့ပြီး ၆၄ နေရာ အနိုင်ရခဲ့ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ ခု ရှိပေမယ့် နေရာ ၂၀ ကျော်ပဲ ဝင်ပြိုင်ရတာဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲရရှိခဲ့မှု၊ တစညပါတီ အပေါ် ပြည်သူတွေရဲ့ လက်ရှိ ထောက်ခံ အားပေးမှု စတဲ့ အခြေအနေ အပေါ် ချင့်ချိန်ပြီး ဆုံးဖြတ်ခဲ့တာ လို့လည်း ဦးဟန်ရွှေက ပြောပါတယ်။ တစညပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဟန်ရွှေနဲ့ အာအက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
0:00 / 0:00