တိုင်းပြည် အချုပ်အခြာအာဏာ ထိပါးခံနေရကြောင်း ကြံ့ခိုင် ဖံ့ွဖြိုးရေးပါတီ ဥက္ကဌ ပြော

တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်သူတွေ ကို မြန်မာနိုင်ငံသားအဖြစ် လက်မ ခံနိုင်ကြောင်း ရဲရဲဝံ့ဝံ့ မပြောနိုင်တဲ့ တိုင်းပြည်အုပ်ချုပ် သူတွေကြောင့် အချုပ်အခြာအာဏာ ထိပါးခံနေရတယ် လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး က ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ် ၁၂၄ ရပ်ကွက်မှာ မဲဆွယ်စည်းရုံးဟောပြောစဉ် Photo: Aung Thain Kha/ RFA

တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်သူတွေကို မြန်မာနိုင်ငံသားအဖြစ် လက်မခံနိုင်ကြောင်း ရဲရဲဝံ့ဝံ့ မပြောနိုင်တဲ့ တိုင်းပြည်အုပ်ချုပ်သူတွေကြောင့် အချုပ်အခြာအာဏာ ထိပါးခံနေရတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး က ပြောပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ် ၁၂၄ ရပ်ကွက်မှာ ကျင်းပတဲ့ ပါတီရွေးကောက် ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးဟောပြောပွဲမှာ ပါတီဥက္ကဌ ဦးသန်းဌေး က ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အစိုးရ ငါးနှစ်တာကာလအတွင်း တရုတ်ကို မကြောက်ရတဲ့ အခြေအနေမျိုး နေနိုင်အောင် ဖန်တီးပေးနိုင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

ပါတီဟာ အရည်အချင်း၊ ဂုဏ်သိက္ခာ၊ လုပ်အားနဲ့ မျှမျှတတ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဘယ်သူ့ဓာတ်ပုံကိုမှ အားမကိုး ဘဲ ပြည်သူလူထုအပေါ်မှာထားတဲ့ စေတနာနဲ့ ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် မဲပေးရွေးချယ်မှု မမှားစေဖို့ နဲ့ မှန်ကန်တဲ့ ရွေးချယ်မှု ရှိဖို့ လိုအပ်ကြောင်း တိုက်တွန်း ခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကို စိတ်ကူးယဉ်ပြီး အုပ်ချုပ်လို့မရသလို စိတ်ခံစားချက်နဲ့ အုပ်ချုပ်လို့ မရကြောင်းလည်း ပြောခဲ့ပါတယ်။

ဒီကနေ့ မဲဆွယ်စည်းရုံး လူထုဟောပြောပွဲကို ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ရပ်ကျေးအဖွဲ့ဝင် ၃၀၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ တစ်နိုင်ငံလုံးက လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ ရှိတဲ့အထဲက ၁၈ နေရာမှာ ဝင်ရောက်အရွေးချယ်ခံ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org