စစ်ကောင်စီကို မလိုက်လျောဖို့ ကမ္ဘောဒီးယားကို အမေရိကန် သတိပေး

2021.12.11
စစ်ကောင်စီကို မလိုက်လျောဖို့ ကမ္ဘောဒီးယားကို အမေရိကန် သတိပေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ကို တွေ့ရစဉ်
Photo: AFP

ကမ္ဘောဒီးယားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အလှည့်ကျတာဝန်ယူချိန်မှာ မြန်မာစစ်ကောင်စီကို ဘာမှလိုက်လျော တာမလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က သူ့ရဲ့ ကမ္ဘောဒီးယားခရီး စဉ်အတွင်း မနေ့က သတိပေးပြောဆိုလိုက်ပါတယ်။

အာဆီယံညီလာခံကို မြန်မာစစ်ခေါင်းဆောင်တွေလည်း တက်ခွင့်ရှိတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ Derek Chollet က တုံ့ပြန်ပြောဆိုခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်အနေနဲ့ စေ့စပ်ညှိနှိုင်းရေးကို မကန့်ကွက်ပေမယ့် ဒီလိုစေ့စပ်ညှိနှိုင်းတဲ့ အခါမှာ တကယ်အဖြေ ထွက်မယ့် ညှိနှိုင်းမှုမျိုးကို လိုလားကြောင်း၊ အဲဒီလိုမဟုတ်ဘဲ မြန်မာစစ်ကောင်စီကို အလျှော့ပေး လိုက်လျော တာမျိုးဘဲ မဖြစ်သင့်ကြောင်း Derek Chollet က ပြောပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အချက်တွေကို ဆက်လက် ဆောင်ရွက်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

လတ်တလောမှာတော့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘောဒီးယားကို သွားရောက်ခဲ့ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း မြန်မာနိုင်ငံကို လာရောက် ဖို့ရှိနေပါတယ်။

ကမ္ဘောဒီးယားဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘရူနိုင်းနိုင်ငံက ဥက္ကဋ္ဌအဖြစ် ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာတော့ မြန်မာစစ်ခေါင်း ဆောင်တွေကို ဖိတ်ကြားခဲ့တာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

YarZar
2021-12-12 21:41

I welcome the US Secretary of State's statement