အမေရိကန် ထိပ်တန်းအရာရှိ Patrick Murphy မြန်မာပြည် သွားမယ်


2013.03.08
patrick_murphy_305 အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာပြည်ဆိုင်ရာ အထက်တန်းအကြံပေးအရာရှိ Patrick Murphy ပုံ
photo: Internet

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာပြည် ဆိုင်ရာ  အထက်တန်းအကြံပေးအရာရှိ Patrick Murphy ဟာ မြန်မာပြည်ရဲ့  ပြောင်းလဲတိုးတက်မှုတွေ နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရ ထိပ်တန်း အရာရှိတွေ၊  လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် မတ်လ ၁၂  ရက်ကနေ ၁၈ ရက်အထိ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ဂျပန်နိုင်ငံတွေကို  သွားရောက်ပါလိမ့်မယ်။

ဒီခရီးစဉ်မှာ Patrick Murphy အနေနဲ့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်ရေးအတွက် အမေရိကန်အစိုးရရဲ့ မူဝါဒတွေ၊ ရခိုင်နဲ့ ကချင်ပြည်နယ်က ပဋိပက္ခတွေအပြင် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအပါအဝင် နိုင်ငံတကာ ကူညီထောက်ပံ့ရေး ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းမှာဖြစ်ပါတယ်။

အထက်တန်း အကြံပေးအရာရှိ Patrick Murphy ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့မှာ မတ်လ ၁၂ ကနေ ၁၃ ရက်နေ့အထိ၊ မြန်မာနိုင်ငံ နေပြည်တော်နဲ့ အခြားမြို့တွေမှာ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၁၇ ရက်ကနေ ၁၈ ရက်အထိ နေထိုင်မှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မတ်လ ၈ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။