လှိုင်သာယာမှာ ပိုင်ရှင်မဲ့အလောင်း ရှစ်လောင်း သင်္ဂြိုဟ်ခဲ့ရ

လှိုင်သာယာမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းစဉ်
လှိုင်သာယာမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းစဉ် (-)

လှိုင်သာယာမြို့နယ်ထဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေထဲက ပိုင်ရှင်မဲ့အလောင်း ရှစ်လောင်းကို မနေ့က သင်္ဂြိုဟ်ခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

သေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါဆိုတာ မသိရသလို မိသားစုတွေနဲ့လည်း အဆက်အသွယ် မရှိတာ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်မှာ မတ်လ ၁၄ ရက်နေ့က ပစ်ခတ်မှုကြောင့် လူ ၅၀ ကျော်သေဆုံးခဲ့ရပါတယ်။

လှိုင်သာယာမြို့နယ်ဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ အများဆုံးရှိပြီး စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် လှိုင်သာယာရဲ့ လတ်တလော သတင်းအခြေအနေတွေကို သိရှိနိုင်ဖို့ ခက်ခဲနေပါတယ်။