ယူနတီဂျာနယ်သတင်းထောက် ၄ ဦးရဲ့ အယူခံလျှောက်ထားချက် တရားရုံးလက်ခံ

နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေနဲ့ တရားစွဲပြီး အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ယူနတီသတင်း ဂျာနယ်က သတင်းထောက် ၄ ဦးရဲ့ အယူခံ လျှောက်ထား တာကို မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်ရုံးက မနေ့က လက်ခံလိုက်ပါတယ်။

အတွဲ ၃၊ အမှတ် ၄ ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက်ဓါတုလက်နက်စက်ရုံပါသော မျက်နှာဖုံးပုံ photo: Facebook

နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေနဲ့ တရား စွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ ယူနတီသတင်းဂျာနယ်က သတင်းထောက် ၄ ဦးရဲ့ အယူခံ လျှောက်ထားတာကို မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်ရုံးက မနေ့က လက်ခံလိုက်ပါတယ်။

သတင်းထောက် ၄ ဦးရဲ့ အမှုကို လိုက်ပါကူညီပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ် စန်းအောင်က အယူခံဝင်တဲ့အကြောင်း အခုလိုပြောပါတယ်။

"သတင်းထောက် ၄ ယောက်ဇူလိုင်လ ၁၀ ရက်နေ့ တုန်းက အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံခဲ့ရ တာကို ကျနော်တို့ မကွေးတိုင်းဒေသကြီး တရား လွှတ်တော်မှာ အယူခံတင်သွင်းခဲ့ပါတယ်၊ အဲ့ဒီ အမှှုကို တရားလွှတ်တော်တရားသူကြီး ဒေါ်နုရင်က အမှှုကို တိုက်ရိုက်လက်ခံလိုက်တဲ့အတွက် နောက်ထပ် ၄၅ ရက်လောက်မှာ ကျနော်တို့ နှစ်ဖက်လျှောက်လဲ ချက် ကြားနာဖို့ရှိပါတယ်၊ ကျနော်တို့ ဘာကြောင့်အယူခံဝင်ရလဲဆိုတော့ မမှန်ကန်လို့၊ တရားမျှတမှှုမရှိလို့ လူ့အခွင့်အရေး အဓွန့်ရှည် တည်တန့်ခိုင်မြဲစေဖို့အတွက် အခုလို အယူခံဝင်ရောက်ရခြင်းဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က အပတ်စဉ်ထုတ်ဝေတဲ့ ယူနတီဂျာနယ်မှာ "မကွေးခရိုင် ပေါက်မြို့ နယ်က လျှို့ဝှက်ဓါတု လက်နက်စက်ရုံ" ဆိုပြီး ဖေါ်ပြခဲ့တာကြောင့် ယူနတီဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦး ကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ပခုက္ကူ ခရိုင်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကို ရှေ့နေဦးကျော်လင်းက လိုက်ပါဆောင်ရွက်ပေးတာဖြစ်ပြီး သတင်းထောက် ၄ ဦးကို ရှေ့နေဦးရောဘတ်စန်းအောင်က လိုက်ပါဆောင်ရွက်နေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org