ကုလဝန်ထမ်း (၃) ဦး မြန်မာအာဏာပိုင်က တရားစွဲဆို

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အထိန်းသိမ်းခံခဲ့ရတဲ့ ကုလသမဂ္ဂဝန်ထမ်း (၁၀) ယောက်ထဲက အနည်းဆုံး (၃) ယောက်ကို မြန်မာ အာဏာပိုင်တွေက တရားစွဲဆိုလိုက်ကြောင်း ကုလသမဂ္ဂက မနေ့က ပြောလိုက်ပါတယ်။

2012.07.13

တရားစွဲဆိုခံရသူ (၃) ယောက်လုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။

သူတို့ကို ဘာပြစ်မှုနဲ့ တရားစွဲတာလည်း ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ (UNHCR) ရဲ့ ပြောခွင့်ရ အမျိုးသမီး Melissa Fleming က ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ UNHCR ဝန်ထမ်းတွေကို ဘာပြစ်မှုနဲ့ ထိန်းသိမ်းခဲ့သလဲဆိုတာ သိရဖို့ ထိန်းသိမ်းခံရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ပန်ကြားခဲ့ပေမဲ့ အခုထိ အကြောင်း မထူးသေးဘူးလို့ သိရပါတယ်။

ကျန်တဲ့ ထိန်းသိမ်းခံ ကုလသမဂ္ဂ ဝန်ထမ်းတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ဝန်ထမ်း (၃) ယောက်နဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MDF က ဝန်ထမ်း (၄) ယောက် ပါဝင်ပါတယ်။ သူတို့ကိုလည်း တရားစွဲဆို ထားသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။