ချင်းမိုင်ညီလာခံ သဘော တူညီမှုမရဘဲ ခေတ္တရပ်ဆိုင်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ပထမဆုံးအကြိမ် ညီလာခံမှာ အဖွဲ့တွင်းဖွဲ့စည်းပုံ ကိုဆွေးနွေးရာ သဘောထားကွဲလွဲနေတဲ့အတွက် ဆုံးဖြတ် ချက်မချနိုင်ဘဲ ညီလာခံကို ဒီကနေ့ ရပ်နားလိုက်ပြီး ပြည် တွင်းက တိုင်းရင်းသားအဖွဲ့အစည်းနဲ့ နိုင်ငံရေးအင်အား စုတွေ ကို တွေ့ဆုံဆွေးနွေးပြီးမှ ဒီကိစ္စ ဆက်ဆွေးနွေးကြဖို့ ဒီကနေ့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို သြဂုတ်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပစဉ် Photo: Aung Moe Myint/RFA

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ပထမဆုံးအကြိမ် ညီလာခံမှာ အဖွဲ့တွင်း ဖွဲ့စည်းပုံကိုဆွေးနွေးရာ သဘောထားကွဲလွဲနေတဲ့ အတွက် ဆုံးဖြတ်ချက်မချနိုင်ဘဲ ညီလာခံကို ဒီကနေ့ ရပ်နားလိုက်ပြီး ပြည်တွင်းက တိုင်းရင်းသားအဖွဲ့အစည်း နဲ့ နိုင်ငံရေးအင်အားစုတွေကို တွေ့ဆုံဆွေးနွေးပြီးမှ ဒီကိစ္စ ဆက်ဆွေးနွေးကြဖို့ ဒီကနေ့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

UNFC ညီလာခံ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောဆိုပါတယ်။

"သူလည်းညီညွတ်တယ်၊ ကိုယ်လည်းညီညွတ်တယ်။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲဆိုတဲ့ နေရာမှာ မကြေလည် တာရှိတာပေါ့။ ခုနကပြောသလိုပဲ၊ စစ်ရေးနဲ့ နိုင်ငံရေး ကို တစ်ပြိုင်နက်တည်း ဟန်ချက်ညီ ပြင်ဆင်လုပ်ကိုင်မလား၊ သို့တည်းမဟုတ် နိုင်ငံရေးကို ပိုဦးစားပေး၊ စစ်ရေးကို လျှိုထားပြီးတော့ သိုသိုသိပ်သိပ်နဲ့ တစ်ပုံစံနဲ့ သွားမလားပေါ့လေ။ ဒါလေးတွေ နည်းနည်း ကွဲလွဲတာရှိတယ် ၊ နောက်တခါ စုဖွဲ့မှုမှာပေါ့။ စုဖွဲ့မှုမှာတပ်ပေါင်းစုတစ်ခုအနေနဲ့ ခါတိုင်းဆိုရင်တော့ ကျနော်တို့တော့ဒေါင်း လို့ခေါ်တာပေါ့။ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ပေါ့လေ နောက် ဗဟိုကော်မတီလို့ခေါ်တဲ့ ဖက်ဒရယ်ကောင်စီပေါ့။ ဒီပုံသဏ္ဍာန်ကောင်းသလား။ သို့တည်းမဟုတ် ဒီဖိုရမ် ခပ်ဆန်ဆန်ပေါ့။ သူ့ကိုယ်စားလှယ်တွေလာ၊ အဲ့ဒီမှာ ဆုံချက်လုပ်၊ အဲ့ဒီကနေပြီးတော့ ပြန်ခွဲဝေပေါ့လေ။ အဲ့ဒီလို ပုံစံကောင်းသလားပေါ့။ စုဖွဲ့မှုပုံသဏ္ဍာန်နဲ့ ခုနကပြောတဲ့ စစ်ရေးနိုင်ငံရေးမှာထားတဲ့ သဘောထား အဲ့ဒီနေရာလေးတွေ နည်းနည်းညှိနေလို့။ အဲ့ဒါလေးတွေကိုပဲ ပြီးပြတ်အောင် ကြေလည်အောင် ဆွေးနွေးနေကြ တာ"

ညီလာခံကို ဒီလ ၃၀ ဒါမှမဟုတ် ၃၁ ရက်နေ့မှာ ထပ်မံကျင်းပသွားမှာဖြစ်ပြီး လောလောဆယ် ပြည်တွင်းကနေ ဖိတ်ကြားထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ နိုင်ငံရေးပါတီ အင်အားစုတွေကို မနက်ဖြန် ၂၉  ရက်နေ့မှာ စီစဉ်ထားတဲ့အတိုင်း တွေ့ဆုံဆွေးနွေးသွားကြမယ်လို့လည်း သိရပါတယ်။

ညီလာခံဆက်ကျင်းပဖြစ်ရင် UNFC အဖွဲ့ကို ဗဟိုဦးစီးချူပ်ကိုင်မှုစနစ်နဲ့ သွားမလား၊ ဘယ်စနစ်နဲ့ သွားကြမလဲဆို တာတွေကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်တွေအကြား ဆွေးနွေးချမှတ် သွားကြမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရှေ့လုပ်ငန်းစဉ်ကိစ္စတွေ ဆက်ဆွေးနွေးရာမှာတော့ တပ်ပေါင်းစုညီညွတ်ရေး၊ ပိုမိုခိုင်မာရေးလုပ်ငန်းစဉ် ၊ နိုင်ငံရေးဆွေးနွေးပွဲ ဦးဆောင်အဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာကိစ္စ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ် နဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုဆိုင်ရာလုပ်ငန်းစဉ်၊ ၂၀၀၈ ဖွဲ့စည်း အုပ်ချူပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုှပ်ရှားမှုဆိုင်ရာ လုပ်ငန်းစဉ်ကိစ္စနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုစုရေးသားခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ကို ဆွေးနွေးသွားဖို့ရှိပြီး UNFC ရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်ကို ရွေးချယ်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org