ရှေးဟောင်းပျုူ မြို့ ၃ မြို့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း ဝင်ပြီ

မြန်မာနိုင်ငံက နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်းရှိ ခဲ့တဲ့ ရှေးဟောင်းပျူ မြို့ ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြို့ကြီးတွေအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ UNESCO က တနင်္ဂနွေနေ့က စာရင်းသွင်းလိုက်ပါတယ်။

ပျူမြို့ဟောင်းတစ်ခုဖြစ်တဲ့ ဟန်လင်းဒေသရှိ တူးဖော်ပြီး မြို့ရိုးလက်တံတစ်ခုကို တွေ့ရစဉ် phto: sriksetraheritagezone

မြန်မာနိုင်ငံက နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်း ရှိခဲ့တဲ့ ရှေးဟောင်း ပျူ  မြို့ ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြို့ကြီးတွေအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ UNESCO က တနင်္ဂနွေနေ့က စာရင်းသွင်းလိုက်ပါတယ်။

ဘီစီ ၂ ရာစုကနေ အေဒီ ၉ ရာစုအတွင်း ပေါ်ပေါက် ထွန်းကားခဲ့တဲ့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ ပျု ူ မြို့ဟောင်း ၃ မြို့ကို  ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီ (၃၈) ကြိမ်မြောက် အစည်းအဝေးမှာ  ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြို့ ကြီးတွေအဖြစ် သတ်မှတ်လိုက်တာပါ။ ဒါဟာ မြန်မာ့ ရှေးမြို့ဟောင်းတွေ ပထမဆုံးအကြိမ် ကမ္ဘာ့ ယဉ်ကျေးမှု စာရင်းထဲ ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

အခုလို ကမ္ဘာ့အမွေအနှစ်အဖြစ် ပထမဆုံး စာရင်းသွင်းနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု အမွေအနှစ် တွေ ထိန်းသိမ်းရေးမှာ အကျိုးကျေးဇူးကြီးမားမှာဖြစ်ကြောင်း ပျူရှေးဟောင်းမြို့ သုံးမြို့ ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ်စာရင်း တင်သွင်းရေးကော်မတီ ခေါင်းဆောင် ဦးစန်းဦး က ပြောပါတယ်။

"ဒီကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်သတ်မှတ်ပြီးလို့ရှိရင် အဲ့ဒီစာရင်းဝင်ဒေသရဲ့ ထိန်းသိမ်းတာကအ စပေါ့လေ ကျနော်တို့သက်မှတ်တဲ့ ဇုံအတွင်းမှာ ဥပဒေအရ ကျူးကျော် ကျော်နင်းမှုတွေကိုလဲဘဲ ဒီသက်ဆိုင်ရာ  World Heritage ကော်မတီက စဉ်ဆက်မပျက် စစ်ဆေးနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသတွေမှာ ဒေသခံတွေကပါ ဒီယဉ်ကျေးမှုအမွေအနှစ်တွေကို ဝိုင်းဝန်းထိန်းသိမ်းအောင်   ကျနော်တို့ကအသိပညာပေးပြီးတော့ သက်ဆိုင်ရာ ရှေးဟောင်းသုတေသန ဌာန ယဉ်ကျေးမှုဝန်ကြီးဌာန ကနေ ကြီးကြပ်ဆောင်ရွက်သွားဖို့ရှိပါတယ်"

ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီခိုင်က လည်း အခုလို ပျူ ူူ  မြို့ဟောင်းတွေ ကမ္ဘာ့အဆင့်ဝင်သွားတာဟာ မြန်မာ့ရှေးဟောင်း အမွေအနှစ်တွေအတွက် အခြေအနေ ပိုကောင်းလာ မှာဖြစ်ကြောင်း ပြောပါတယ်။

ကျန်တဲ့ ပုဂံ၊ မြောက်ဦး၊ အင်းဝ၊မန္တလေးစတဲ့ နေရာတွေကို လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ထပ်မံ တင်သွင်း သွားမယ်လို့လည်း သိရပါတယ်။ သက်တမ်း နှစ်ပေါင်းတစ်ထောင်ဝန်းကျင်ရှိတဲ့ ပုဂံဒေသမှာ ပြီးခဲ့တဲ့ စစ်အစိုးရလက် ထက်အတွင်း စနစ်တကျမဟုတ်တဲ့ ပြင်ဆင်မွမ်းမံတာတွေ၊ ဟိုတယ်တွေ တည်ဆောက်ခဲ့တာ တွေ ကြောင့် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် နေရာအဖြစ် သတ်မှတ်ဖို့ ငြင်းပယ်ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org