ရခိုင်ပြည်ကဒုက္ခသည် နှစ်သောင်း အတွက် လိုအပ်ချက် ကုလသမဂ္ဂ ကူညီမည်

စစ်တွေမြို့ UNDP ရုံးမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းကလုပ်တဲ့ UNDP က မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး Mr. Toily Kurbanov နဲ့ ဒေသခံသတင်းထောက်တွေ တွေ့ဆုံပွဲကို မြင်ရစဉ်
စစ်တွေမြို့ UNDP ရုံးမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းကလုပ်တဲ့ UNDP က မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး Mr. Toily Kurbanov နဲ့ ဒေသခံသတင်းထောက်တွေ တွေ့ဆုံပွဲကို မြင်ရစဉ် (photo: RFA/ Min Thein AUng)

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP အနေနဲ့ ရခိုင်နဲ့ မွတ်စလင်ဒုက္ခသည်နှစ်သောင်းကို အသက်မွေး ဝမ်းကျောင်းနဲ့ လူမှုအခြေခံလိုအပ်ချက်တွေအတွက် အကူအညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာဌာနေ အကြီးအကဲ မစ္စတာ Toily Kurbanov က ပြောပါတယ်။

UNDP အဖွဲ့ အကူအညီပေးရေး စီမံကိန်းတွေ ရှိတဲ့ ပေါက်တောမြို့နယ် ဆင်တက်မှော်ကျေးရွာ ဒုက္ခသည်စခန်းအပြင် တခြားကျေးရွာတချို့ကို သွားရောက်အပြီး သတင်းထောက်တွေကို ရှင်းပြခဲ့တာပါ။

ဒါ့အပြင် ကျေးရွာချင်းဆက်လမ်းတွေ၊ ရေတား တာတမံတွေ၊ ကျေးရွာဆေးပေးခန်းတွေ ဆောက်ပေးဖို့ ကိုလည်း UNDP ရဲ့ စီမံချက်တွေထဲမှာ ထည့်သွင်းထား တယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေ အားလုံးအနေနဲ့ ပြင်ပအကူအညီတွေကိုချည်း အားကိုးမနေဘဲ မိမိခြေထောက်ပေါ် ရပ်တည်နိုင်ဖို့ ကြိုးပမ်းကြဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်းပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ နှစ်ဖက်ပြန်လည်သင့်မြတ်ဖို့အတွက် နားလည်မှုတည်ဆောက်ဖို့ လိုအပ်တဲ့အကြောင်းလည်း ထည့်သွင်းပြောသွားပါတယ်။