အပြစ်ရှိလို့ တောင်းပန်တာ မဟုတ်ကြောင်း ဦးထင်လင်းဦး ပြောကြား
သာသနာညှိးနွမ်းစေမှုနဲ့ စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးက ချောင်းဦးမြို့ နယ် တရားရုံးအနီးမှာရှိတဲ့ ကမ္ဘာအေးဆုတောင်းပြည့် ရဲတပ် ဖွဲ့ဓမ္မာရုံမှာ မြို့နယ်မဟာဓမ္မာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဥူးဝရသဗ္ဗောဓိ ဦးဆောင်တဲ့ သံဃာတော်အပါး ၃၀ နီးပါးကို ဒီနေ့ ကန်တော့တောင်းပန်ခဲ့ပါတယ်။
-
2015-01-15 -
-
-
သာသနာညှိးနွမ်းစေမှုနဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးက ချောင်းဦးမြို့နယ် တရားရုံးအနီးမှာရှိတဲ့ ကမ္ဘာအေးဆုတောင်းပြည့် ရဲတပ်ဖွဲ့ဓမ္မာရုံမှာ မြို့နယ်မဟာဓမ္မာရုံ ပါဠိတက္က သိုလ်ကျောင်းတိုက် ဆရာတော် ဥူးဝရသဗ္ဗောဓိ ဦးဆောင်တဲ့ သံဃာတော်အပါး ၃၀ နီးပါးကို ဒီနေ့ ကန်တော့တောင်းပန်ခဲ့ပါတယ်။
သံဃာတော်တွေကို ကန်တော့တောင်းပန်တာဟာ အပြစ်ရှိလို့တောင်းပန်တာ မဟုတ်ကြောင်း ဦးထင်လင်းဦးက အခုလိုပြောပါတယ်။
"ဝန်ချတောင်းပန်တယ်ဆိုတာက မှားလို့ဗျ၊ ကန်တော့တောင်းပန်တယ်ဆိုတာက ကိုယ်ပြော ဆိုမိတဲ့ကိစ္စမှာ တချို့စကားလုံးတွေ ဆရာတော်သံ ဃာတော်တွေ စိတ်မကောင်းဖြစ်ရတယ်ဆိုရင် အဲဒီ့သံဃာတော်တွေရဲ့ အဆုံးမခံ ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့ ကန်တော့ပြီးတော့ တောင်းပန်တာဖြစ်တယ်ဗျ၊ အဲ့စကားလုံးလေးကကွာပါတယ်၊ ကျနော်မှားတာတစ်ခုမှ မပြောခဲ့ဘူးဗျ"
ချောင်းဦးမြို့နယ် တရားရုံးမှာ ဦးထင်လင်းဦးကို ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလိုပြသက်သေ ၅ ဦးထဲက ကျန်တဲ့ ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် ဦးထင်လင်းဦးအမှုကို မုံရွာခရိုင်တရားရုံးထံ ပြောင်းရွှေ့စစ်ဆေးပေးဖို့ ဦးထင်လင်းဦးရဲ့ရှေ့နေက တရားရုံးမှာ တင်ပြလျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာကျင်းပတဲ့ စာပေဟောပြောပွဲမှာ ဦးထင်လင်းဦးက ဘာသာ၊ သာသနာ လူမျိုးရေးအယူဝါဒတွေအကြောင်း ဟောပြောခဲ့တာကြောင့် ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးဦးထွန်းခိုင်က တရားလိုလုပ်ပြီး ပုဒ်မ ၂၉၅ (က) ဘာသာ သာသနာ ညှိုးနွမ်းစေမှု ၊ ပုဒ်မ ၂၉၈ ဘာသာ သာသနာကို စော်ကားပုတ်ခတ်ပြောဆိုမှုတို့နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။