ဆလုံ လူမျိုးစုတွေကို စောင့်ရှောက်ဖို့ HRW တိုက်တွန်း

နိုင်ငံအတည်တကျမရှိပဲ ပင်လယ်ပြင် မှာ နေထိုင်ရွှေ့ပြောင်းသွားလာလုပ်ကိုင်နေကြတဲ့ ဆလုံ လူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံတာ၊ အနိုင်အထက် နှိပ်စက် တာတွေ ရပ်ဆိုင်းပြီး၊ ကူညီစောင့်ရှာက်အကာအကွယ်ပေး ကြဖို့ မြန်မာနဲ့ ထိုင်းနိုင်ငံကို HRW လူ့အခွင့်အရေးအဖွဲ့က မနေ့က အစီရင်ခံစာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

ဆလုံလူမျိုး မိသားစုတစ်စုကို မြင်ရစဉ် Photo: AllMyanmar.com

နိုင်ငံအတည်တကျမရှိပဲ ပင်လယ်ပြင်မှာ နေထိုင်ရွှေ့ပြောင်းသွားလာလုပ်ကိုင်နေကြတဲ့ ဆလုံလူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံတာ၊ အနိုင်အထက် နှိပ်စက်တာတွေ ရပ်ဆိုင်းပြီး၊ ကူညီစောင့်ရှာက်အကာအကွယ်ပေးကြဖို့ မြန်မာနဲ့ ထိုင်းနိုင်ငံကို HRW လူ့အခွင့်အရေးအဖွဲ့က မနေ့က အစီရင်ခံစာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

မြန်မာနဲ့ထိုင်းမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ထိန်းသိမ်းရေးဥပဒေသစ်တွေအောက်မှာ ပင်လယ်ဂျစ်ပစီတွေ လို့ ခေါ်နေကြတဲ့ဆလုံလူမျိုးစုတွေဟာ ဆိုင်ရာအာဏာပိုင်တွေရဲ့ အနိုင့်အထက်ပြုကျင့်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ခံနေကြတယ်လို့ အစီရင်ခံစာမှာဖေါ်ပြပါတယ်။

ဆလုံလူမျိုးစုတွေကို ကမ္ဘာက သတိပြုမိလာတာဟာ ၂၀၀၄ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ဆူနာမီဘေးကြောင့်ဖြစ်ပါတယ်။ ဆလုံတွေဟာ ဘဝပေးအတွေ့အကြုံ အသိအရ ၂၀၀၄ ဆူနာမီဘေးအန္တရာယ်ကနေ လွတ်ကင်းအောင် ကြိုတင်ကာကွယ်တိမ်းရှောင်နိုင်ခဲ့ကြလို့ ကမ္ဘာတဝှမ်း အံ့သြခဲ့ကြရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org