ဒီမိုကရက်တစ်ပါတီ (မြန်မာ) တည်ထောင်သူ ဦးသုဝေ ကွယ်လွန်

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို စတင်တည်ထောင်ခဲ့တဲ့ ဦးသုဝေဟာ မေလ ၁၈ ရက်နေ့ ညနေ ၇ နာရီခန့်မှာ ကွယ်လွန်သွားခဲ့တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကသတင်းထုတ်ပြန်ပါတယ်။သူဟာကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပြီဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုစတင်တည်ထောင်ခဲ့တဲ့ ဦးသုဝေ Photo- Democratic Party- Myanmar/ Facebook

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုစတင်တည်ထောင်ခဲ့တဲ့ ဦးသုဝေဟာ မေလ ၁၈ ရက်နေ့ ညနေ ၇ နာရီခန့်မှာ ကွယ်လွန်သွားခဲ့တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကသတင်းထုတ်ပြန်ပါတယ်။သူဟာကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပြီဖြစ်ပါတယ်။

ဦးသုဝေဟာ ဖဆပလ အစိုးရခေတ်မှာ ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်းရဲ့ ကိုယ်ရေးအတွင်းဝန်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်အရေးအခင်းပြီးနောက် ၁၀ နှစ်ကျော်ကြာ နိုင်ငံရေးအမှုနဲ့ အကျဉ်းကျခံခဲ့ရသူဖြစ်ပါတယ်။

ထောင်ကပြန်ထွက်လာပြီးနောက် ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့နဲ့အတူ ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့တာပါ။

ပြီးခဲ့တဲ့၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ သူပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org